စိုးလွင်လွင်သီချင်းများထဲက စိုးလွင်လွင် (ခေါ်) ရန်ကင်းသားလေး ပိုပို





Zawgyiဖြင့်ဖတ်ရန်

ရန်ကင်းသားလေး ပိုပို (ခေါ်) စိုးလွင်လွင်ရဲ့ ငယ်ဘ၀အကြောင်းရန်ကင်းသားအဆိုတော် စိုးလွင်လွင်ဆိုသည်မှာ….၁၉၇၉-၈၀ တဝိုက်ငါးလုံးတန်းဘက်ပိုက်လုံး ပေါ်မှာညဘက်ဂစ်တာအတီးကောင်းတဲ့ သူတယောက်မကြာခဏရောက်လာ တတ်တာသတိထားမိတယ်၊နောက်မှ သိရတာ ၁၂ လုံးတန်းက……တဲ့၊

မိုးဖွဲဖွဲမှာဂီတာကိုရင်မှာပိုက် ပုဆိုးခြုံနဲ့ ပိုက်လုံးပေါ်ခပ်သွက်သွက်လျှောက်သွားပြီး သီချင်းအော်ဆိုသွားတဲ့လူတယောက်ကို ညပိုင်းတွေ့မိလိုက်တယ်၊သိတဲ့သူငယ်ချင်း တစ်ယောက်က….အဲဒါ … ပိုပို … ၁၂ လုံးတန်းက…….တဲ့၊

၁၉၈၄ ခုနှစ်က “ ချစ်လူမိုက် ” အမည် ပေးထားတဲ့တေးစီးရီးစ်ထုတ်ခဲ့ပြီး “ ငယ်သူမို့ ” သီချင်းအပါအဝင်တခွေလုံး နီးပါးပေါက်ခဲ့တယ်၊အဆိုတော်စိုးလွင်လွင်.. ၁၂ လုံးတန်းက….တဲ့၊စိုးလွင်လွင်နာမည်ကို ထပ်ကြားဖူးတာပါ၊

၁၉၈၅ ငါးလုံးတန်းမှာစတိတ်ရှိုးတီးကြ တော့ သီချင်းဆိုပေးဖို့ စိုးလွင်လွင်ကိုသိတဲ့ သူအချို့နဲ့အကူအညီသွားတောင်းဘူးတယ်၊

အဲ့တုန်းကစိုးလွင်လွင်ကငါးလုံးတန်း စာကြည့်တိုက်နားလမ်းထဲနှစ်ထပ် အောက်ခန်းမှာနေတာ၊ မီးလုံးမှိန်မှိန်ဧည့်ခန်းထဲမှာစိုးလွင်လွင်နဲ့ ညဦးပိုင်းတွေ့တယ်၊ဆံပင်တိုတို၊စွတ်ကြယ် လက်ပြတ်နဲ့ပုဆိုးနဲ့၊ရုပ်ဖြောင့်ဖြောင့်၊ ဧည့်ခန်းထဲက ကျွန်းဘီဒိုဟောင်းတလုံးပေါ်မှာ ဂစ်တာထည့်တဲ့ သားရည်အိတ် အနက်တလုံးဘေးစောင်းလှဲထားတယ်၊

“ ကျွန်တော်ရပ်ကွက်နဲ့ Clash ဖြစ်မှာ စိုးတယ် ” သူကတိုးတိုးညင်သာပြောတယ်၊ သူ့ဘယ်ဘက်လက်ချောင်းလေးတွေက ဂစ်တာကော့ဒ်ကိုင်နေသလို အထက်အောက်လှုပ်ရှားနေကြတယ်၊ အနုပညာသမားဖြစ်လို့လူကပျော့ပြောင်းပြီး ယဉ်ကျေးတဲ့အမူအယာရှိတယ်၊

နောက်ပိုင်းအဆိုတော်စိုးလွင်လွင်ရဲ့ သီချင်းတွေကိုနေရာတိုင်းမှာကြားနေရပြီ၊ ၁၉၈၈ အရေးတော်ပုံမဖြစ်ခင်အထိ ဆံပင်စုတ်ဖွားနဲ့ ဆေးပေါ့လိပ်ခဲထားတဲ့ စိုးလွင်လွင်ကို ရန်ကင်းမှာမကြာခဏ တွေ့ရတတ်တယ်၊ သူ့အတွေးနဲ့ သူပျော်မွှေ့ နေပြီး ဘဝကိုသူအဆင်ပြေသလိုဖြတ်သန်း နေတဲ့ ကိုယ်ပိုင်သံစဉ် နာမည်ကြီးအဆိုတော် တစ်ယောက်၊

၁၉၉၅ ကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာ လူအချို့ကိုအလုပ်ခန့်ဖို့အင်တာဗျုးရပါတယ်၊

လူတယောက် CV ကိုကြည့်လိုက်တော့ ရန်ကင်းဆိုတော့စိတ်ဝင်စားမိသွားတယ်၊

အရပ်ရှည်ရှည်မျက်ခုံးကောင်းကောင်း လူငယ်တယောက်အခန်းထဲဝင်လာတယ်၊ နာမည်ကမိုးသွင်သွင်၊အဆိုတော်စိုးလွင်လွင် ညီတဲ့၊ကျွန်တော်ဘာမှမေးမနေတော့ဘူး၊

မိုးသွင်သွင်ကိုအလုပ်ခန့်ပေးဖို့ထောက်ခံ လိုက်တယ်၊သူ့အကိုစိုးလွင်လွင်ကိုလေးစား တာရယ်၊ရန်ကင်းသားခြင်းရယ်ဖြစ်နေလို့ပါ၊

ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ကို ၁၉၆၂ စက်တင်ဘာမွေးဖွားခဲ့တယ်၊ အိမ်နာမည်ပိုပိုလို့ခေါ်တဲ့စိုးလွင်လွင်ဟာ ၁၉၈၀ မှာစတီရီယိုတေးဂီတလောက ထဲခြေချခဲ့တယ်၊နာမည်ကြီးအဆိုတော် ဖြစ်ကြတဲ့ကိုင်ဇာ၊လွှမ်းမိုးနဲ့မောင်ဂဠုန် အတွက်နာမည်ကျော်တေးသီချင်းများစွာ သူရေးဖွဲ့ပေးခဲ့တယ်၊

စိုးလွင်လွင်ထုတ်ဝေခဲ့တဲ့တေးစီးရီးအယ်ဘမ် ၂၈ ခုလုံးကိုသူ့ပရိတ်သက်များအရမ်း အားပေးခဲ့တယ်၊စိုးလွင်လွင်ဖန်တီးခဲ့တဲ့

အနုပညာလက်ရာများကို Alternative နဲ့ Andie အမျိုးအစားလို့ဂီတပညာရှင်များ သတ်မှတ်ထားပါတယ်၊ စိုးလွင်လွင်ခံစား သီဆိုထားတဲ့ သီချင်းများစွာ ထဲမှာအကြိုက်ဆုံးလေးပုဒ်ရှိပါတယ်၊ ဒီနေ့အထိလည်းမကြာခဏပြန်နားထောင် ဖြစ်ပါတယ်၊



စာသားကိုလတ်(မြန်မာစာ)သီကုံးပြီး သံစဉ်စာသားစိုးလွင်လွင်ရေးဖွဲ့သီဆိုထားတဲ့ ( ကိုယ်ချင်းစာနာခဲ့ရပြီ ) …

ရန်ကင်းသားတေးရေးညီညီစံရေးဖွဲ့တဲ့ ( ဂန္တဝင်ဆည်းဆာ) နဲ့……..

ရန်ကင်းသားအဆိုတော်ကိုင်ဇာ ရေးဖွဲ့တဲ့ (မောင့်မျက်ရည်ဝိုင်း) သီချင်း တွေပါ၊ဒိပြင့်သီချင်းကောင်းတွေ

အများကြီးရှိသေးပေမယ့်အခုလေးပုဒ်ကို အတော်ကြိုက်ပါတယ်၊မောင့်မျက်ရည်ဝိုင်း ကို ရန်ကင်းသားအဆိုတော်အောင်ခိုင်မော် သီဆိုခဲ့ပါသေးတယ်၊

ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ဟာ ၁၉၉၉ ဇူလိုင်လမှာကွယ်လွန်ခဲ့ပါတယ်၊ မိသားစုရန်ကင်းမှာကျန်ခဲ့တယ်ကြားမိပါတယ်၊

ပရိတ်သတ်လက်ခံတဲ့အနုပညာရှင်ဟာ လူသေပေမယ့်နာမည်မသေပါဘူး၊ ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ရဲ့

နာမည်ကျော်သီချင်းအချို့ကို နာထောင်ခံစားဖူးသူတိုင်း သူ့ရဲ့စွမ်းရည်ကို နှလုံးသားထဲ က လက်ခံကြမှာပါလို့ ယုံကြည်ပါတယ်

ဓာတ်ပုံ..သာဥာဏ်(ရန်ကင်း) (ခရစ်ဒစ် writer)

Unicode ဖြင့်ဖတ်ရန်


ရန််ကင်းသားလေး ပိုပိို (ခေါ်) စိုးလွင််လွင်ရဲ့ ငယ်ဘဝအကြောင််း

ရန်ကင်းသားအဆိုတော် စိုးလွင်လွွင်ဆိုသည်မှာ….

၁၉၇၉-၈၀ တဝိုက်ငါးလုံးတန်းဘက်ပိုက်လုံး ပေါ်မှာညဘက်ဂစ်တာအတီးကောင်းတဲဲ့ သူတယောက်မကြာခဏရောက်လာ တတ်တာသတိိထားမိတယ်၊နောက်မှ သိရတာ ၁၂ လုံးတန်းက……တဲ့၊

မိုးဖွဲဲဖွဲမှာဂီတာကိုရင်မှာပိုက် ပုဆိုးခြုံနဲ့ ပိိုက်လုံးပေါ်ခပ်သွက်သွက်လျှောက်သွားပြီး သီချင်းအော်ဆိုသွားတဲ့လူတယောက်ကို ညပိုင်းတွေ့မိလိုက်တယ်၊သိတဲ့သူငယ်ချင်း တစ်ယောက်က….အဲဒါ … ပိုပို … ၁၂ လုံးတန်းက…….တဲ့၊

၁၉၈၄ ခုနှစ်က “ ချစ်လူမိိုက် ” အမည် ပေးထားတဲ့တေးစီးရီးစ်ထုတ်ခဲ့ပြီး “ ငယ်သူမို့ ” သီချင်းအပါအဝင်တခွေလုံး နီးပါးပေါက်ခဲ့တယ်၊အဆိုတော်စိုးလွင်လွင်.. ၁၂ လုံးတန်းက….တဲ့၊စိုးလွင်လွင်နာမည်ကို ထပ််ကြားဖူးတာပါ၊

၁၉၈၅ ငါးလုံးတန််းမှာစတိတ်ရှိုးတီးကြ တော့ သီချင်းဆိုပေးဖို့ စိုးလွင်လွွင်ကိုသိတဲ့ သူအချို့နဲ့အကူအညီသွားတောင်းဘူးတယ်၊

အဲ့တုန်းကစိုးလွင်လွင်ကငါးလုံးတန်း စာကြည့်တိုက်နားလမ်းထဲနှစ်ထပ်် အောက်ခန်းမှာနေတာ၊ မီးလုံးမှိိန်မှိန်ဧည့်ခန်းထဲမှာစိုးလွင်လွင်နဲ့ ညဦးပိုင်းတွေ့တယ်၊ဆံပင်တိုတို၊စွတ်ကြယ် လက်ပြတ်နဲ့ပုဆိုးနဲ့၊ရုပ်ဖြောင့်ဖြောင့်၊ ဧည့်ခန်းထဲက ကျွန်းဘီဒိုဟောင်းတလုံးပေါ်မှာ ဂစ်တာထည့်တဲ့ သားရည်အိတ်် အနက်တလုံးဘေးစောင်းလှဲထားတယ်၊

“ ကျွန်တော်ရပ်ကွက်နဲ့ Clash ဖြစ်မှာ စိုးတယ် ” သူကတိုးတိုးညင်သာပြောတယ်၊ သူ့ဘယ်ဘက်လက်ချောင်းလေးတွေက ဂစ်တာကော့ဒ်ကိုင်နေသလိို အထက်အောက်လှုပ်ရှားနေကြတယ်၊ အနုပညာသမားဖြစ်လို့လူကပျော့ပြောင်းပြီး ယဉ်ကျေးတဲ့အမူအယာရှိိတယ်၊

နောက်ပိိုင်းအဆိုတော်စိုးလွင်လွင်ရဲဲ့ သီချင်းတွေကိုနေရာတိုင်းမှာကြားနေရပြီ၊ ၁၉၈၈ အရေးတော်ပုံမဖြစ်ခင်အထိိ ဆံံပင်စုတ်ဖွားနဲ့ ဆေးပေါ့လိပ်ခဲထားတဲ့ စိုးလွွင်လွင်ကို ရန်ကင်းမှာမကြာခဏ တွေ့ရတတ်တယ်၊ သူ့အတွေးနဲ့ သူပျော်မွှေ့ နေပြီး ဘဝကိုသူအဆင်ပြေသလိုဖြတ်သန်း နေတဲ့ ကိုယ်ပိုင်သံစဉ် နာမည်ကြီးအဆိုတော်် တစ်ယောက်၊

၁၉၉၅ ကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာ လူအချို့ကိိုအလုပ်ခန့်ဖို့အင်တာဗျုးရပါတယ်၊

လူတယောက် CV ကိုကြည့်လိိုက်တော့ ရန်ကင်းဆိုတော့စိတ်ဝင်စားမိသွားတယ်၊

အရပ်ရှည်ရှှည်မျက်ခုံးကောင်းကောင်း လူငယ်တယောက်အခန်းထဲဝင်လာတယ်၊ နာမည်ကမိုးသွင်သွင်၊အဆိုတော်စိုးလွင်လွင်် ညီတဲ့၊ကျွန်တော်ဘာမှမေးမနေတော့ဘူး၊

မိုးသွင်သွင်ကိိုအလုပ်ခန့်ပေးဖို့ထောက်ခံ လိုက်တယ်၊သူ့အကိုစိုးလွင်လွင်ကိုလေးစား တာရယ်၊ရန်ကင်းသားခြင်းရယ်ဖြစ်နေလို့ပါ၊

ရန်ကင်းသားအဆိိုတော်စိုးလွင်လွင်ကိို ၁၉၆၂ စက်တင်ဘာမွေးဖွားခဲ့တယ်၊ အိိမ်နာမည်ပိုပိုလို့ခေါ်တဲ့စိုးလွင်လွင်ဟာ ၁၉၈၀ မှာစတီရီယိုတေးဂီတလောက ထဲခြေချခဲ့တယ်၊နာမည်ကြီးအဆိုတော် ဖြစ်ကြတဲ့ကိုင်ဇာ၊လွှမ်းမိုးနဲ့မောင်ဂဠုန် အတွက်နာမည််ကျော်တေးသီချင်းများစွာ သူရေးဖွဲ့ပေးခဲ့တယ်၊

စိိုးလွင်လွင်ထုတ်ဝေခဲ့တဲ့တေးစီးရီးအယ်ဘမ်် ၂၈ ခုလုံးကိုသူ့ပရိတ်သက်များအရမ်း အားပေးခဲ့တယ်၊စိုးလွင်လွင်ဖန်တီးခဲ့တဲ့

အနုပညာလက်ရာများကို Alternative နဲ့ Andie အမျိုးအစားလို့ဂီတပညာရှင်များ သတ်မှတ်ထားပါတယ်၊ စိိုးလွင်လွင်ခံစား သီဆိုထားတဲ့ သီချင်းများစွာ ထဲမှာအကြိုက်ဆုံးလေးပုဒ်ရှိပါတယ်၊ ဒီနေ့အထိလည်းမကြာခဏပြန်နားထောင်် ဖြစ်ပါတယ်၊

ရန်ကင်းသားတေးရေးညီညီစံရေးဖွဲ့ ထားတဲ့ (ကိုယ်ချစ်)…….

စာသားကိိုလတ်(မြန်မာစာ)သီကုံးပြီး သံံစဉ်စာသားစိုးလွင်လွင်ရေးဖွဲ့သီဆိုထားတဲဲ့ ( ကိုယ်ချင်းစာနာခဲ့ရပြီ ) …

ရန်ကင်းသားတေးရေးညီညီစံရေးဖွဲ့တဲဲ့ ( ဂန္တဝင်ဆည်းဆာ) နဲ့……..

ရန်ကင်းသားအဆိုတော်ကိိုင်ဇာ ရေးဖွဲ့တဲ့ (မောင့်မျက်ရည်ဝိုင်း) သီချင်း တွေပါ၊ဒိပြင့်သီချင်းကောင်းတွေ

အများကြီးရှိသေးပေမယ့်အခုလေးပုဒ်ကိို အတော်ကြိုက်ပါတယ်၊မောင့်မျက်ရည်ဝိုင်း ကိို ရန်ကင်းသားအဆိုတော်အောင်ခိုင်မော် သီဆိုခဲ့ပါသေးတယ်၊

ရန်ကင်းသားအဆိုတော်စိုးလွင်လွင်ဟာ ၁၉၉၉ ဇူလိုင်လမှာကွယ်လွန်ခဲ့ပါတယ်၊ မိိသားစုရန်ကင်းမှာကျန်ခဲ့တယ်ကြားမိပါတယ်၊

ပရိိတ်သတ်လက်ခံတဲ့အနုပညာရှင်ဟာ လူသေပေမယ့်နာမည်မသေပါဘူး၊ ရန်ကင်းသားအဆိိုတော်စိုးလွင်လွင်ရဲ့

နာမည်ကျော်သီချင်းအချို့ကိို နာထောင််ခံစားဖူးသူတိုင််း သူ့ရဲ့စွမ်းရည်ကို နှလုံးသားထဲ က လက်ခံကြမှာပါလို့ ယုံကြည်ပါတယ််

ဓာတ်ပုံ..သာဉာဏ်(ရန်ကင်း) (ခရစ်ဒစ် writer)


Previous
Next Post »
Powered by Blogger.