ခ်စ္သူနဲ႔ ေဖာက္ျပန္ေနတဲ့ ေဂးလ္အမ်ိဳးသားနဲ ့ျပန္ႀကိဳက္ၿပီး ကေလးပါယူခဲ့တဲ့ အမ်ိဳးသမီး ( ႐ုပ္ / သံ )





Zawgyi ျဖင့္ဖတ္ရန္

ခ်စ္သူနဲ႔ ေဖာက္ျပန္ေနတဲ့ ေဂးလ္အမ်ိဳးသားကိုမွခ်စ္မိၿပီး ေနာက္ပိုင္းမွာ ဒီေဂးလ္အမ်ိဳးသားနဲ႔ ကေလးပါယူခဲ့တဲ့ အမ်ိဳးသမီးတေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းဟာ ဖိလစ္ပိုင္မွာ အထူး ေရပန္းစားေနတယ္လို႔ nextshark သတင္းမွာေဖာ္ျပပါတယ္။

၂၀၁၅ ခုႏွစ္ဇြန္လမွာ အန္ဂ်လီကာ မာဘူေဟးဟာ ဂ်က္စတင္ဆိုတဲ့ အမ်ိဳးသားတေယာက္နဲ႔ ဆုံ ေတြ႕ခဲ့ၿပီး လအနည္းငယ္အၾကာမွာပဲ ခ်စ္သူေတြအျဖစ္ကို ေရာက္ရွိခဲ့ပါတယ္။

“က်မတို႔တြဲခဲ့ၾကၿပီး အၿမဲတမ္း ဖုန္းနဲ႔၊ မက္ေဆ့ခ်္နဲ႔ အဆက္အသြယ္ရွိခဲ့ပါတယ္။ သူနဲ႔စကားမေျပာႏိုင္မွာဆိုးလို႔ က်မဖုန္းကိုအၿမဲတမ္း ေငြျဖည့္ထားခဲ့ပါတယ္” လို႔ အန္ဂ်လီကာက Jassica Soho ဆိုတဲ့ ႐ုပ္သံအစီစဥ္တခုမွာ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ လနည္းငယ္အၾကာမွာေတာ့ ဂ်က္စတင္က သူမအေပၚ ေသြးေအးသြားခဲ့ၿပီး ဒီကိစၥေၾကာင့္ အန္ဂ်လီကာဟာ သံသယေတြပြားခဲ့ပါတယ္။

“သူ႔မွာ ေနာက္တေယာက္ရွိေနၿပီလို႔ က်မသံသဝဝင္ခဲ့တယ္။ အဲဒါေၾကာင့္ သူ႔ဖုန္းေတြ၊ လူမႈကြန္ရက္ေတြကို က်မေစာင့္ၾကည့္ခဲ့ပါတယ္။ အန္ဂ်လီဘက္က သံသယေတြဝင္ခဲ့ေပမယ့္ ဂ်က္စတင္က သူမနဲ႔ ဆက္တြဲခဲ့ပါတယ္။ ဒါေပမယ့္ ဒါဟာ ေဖ့စ္ဘြတ္မွာ ပို႔စ္တခု မတက္လာခင္အခ်ိန္ထိပဲ ျဖစ္ပါတယ္။ ဂ်က္စတင္ဟာ အန္ဂ်လီကာ့ေနာက္ကြယ္မွာ ေဂးလ္အမ်ိဳးသားတဦးနဲ႔ ရႈပ္ေနခဲ့တာျဖစ္ၿပီး ဒီအေၾကာင္းကို ေဖ့စ္ဘြတ္ခ္ကေနတဆင့္ အန္ဂ်လီကာက သိရွိခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ အန္ဂ်လီကာဟာ ဂ်က္စတင္နဲ႔ လမ္းခြဲခဲ့ပါတယ္။ လမ္းမခြဲခင္ ဒီကိစၥကို ေျဖရွင္းၾကခ်ိန္မွာ ဂ်က္စတင္က သူမကို ေလွာင္ေျပာင္သေရာ္ၿပီး တုံ႔ျပန္ခဲ့တယ္” လို႔လည္း အန္ဂ်လီကာက ရင္ဖြင့္ပါတယ္။

ဂ်က္စတင္ဟာ ဂ်က္ဖရီအူရီတာ ဆိုသူနဲ႔ တြဲခု

တ္ေနတာျဖစ္ၿပီး “ဂ်က္စတင္ရဲ႕ ေတာင့္တင္းတဲ့ ခႏၶာကိုယ္ဖြဲ႕စည္းပုံေၾကာင့္ သူ႔ကိုျမင္ျမင္ခ်င္း သေဘာက်သြားခဲ့တယ္” လို႔ ဂ်က္ဖရီကေျပာပါတယ္။

ဒါေပမယ့္ သူ႔မွာ ရည္းစားရွိေနတယ္ဆိုတာကိုေတာ့ မသိခဲ့ပါဘူူးလို႔လည္း သူကဆက္လက္ ေျပာၾကားပါတယ္။ ဂ်က္ဖီရီဟာ ဂ်က္စတင္ရဲ႕သေဘာတူညီခ်က္နဲ႔ သူတို႔အခ်စ္ဇာတ္လမ္းကို လူမႈကြန္ရက္ေပၚမွာ ေၾကညာခဲ့တာျဖစ္ၿပီး ဒီလို လူသိရွင္ၾကား ေၾကညာခဲ့ၿပီးခ်ိန္မွာ အန္ဂ်လီကာက သူ႔ကို ျပႆနာရွာမယ့္အစား မက္ေဆ့ခ်္ပို႔ဆက္သြယ္ကာ သူငယ္ခ်င္းေတြျဖစ္ၾကဖို႔ အံ့အားသင့္ဖြယ္ ေတာင္းဆိုခဲ့ပါတယ္။

ပိုၿပီးအံ့အားသင့္ဖို႔ေကာင္းတာက အဲဒီေနာက္ပိုင္းမွာ အန္ဂ်လီကာနဲ႔ ဂ်က္ဖရီတို႔ႏွစ္ဦးဟာ သူငယ္ခ်င္းေတြျဖစ္လာခဲ့ၾကၿပီး ဂ်က္ဖရီနဲ႔ ဂ်က္စတင္တို႔ ျပတ္စဲ သြားၿပီးခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးၾကား ပိုမိုနီးစပ္လာကာ အရင္းႏွီးဆုံး မိတ္ေဆြေတြအျဖစ္ကို ေရာက္ရွိလာခဲ့ၾကပါတယ္။

“က်ေနာ္ဘာလုပ္ေနလဲဆိုတာက အန္ဂ်လီကာက အၿမဲတမ္း ဆက္သြယ္ေပးျမန္းခဲ့တယ္” လို႔ ဂ်က္ဖရီကေျပာၿပီး “သူနဲ႔စကားမေျပာရရင္ က်မဘဝက မျပည့္စုံသလိုႀကီးခံစားရတယ္” လို႔လည္း အန္ဂ်လီကာက ဆိုပါတယ္။

အဲဒီေနာက္မွာေတာ့ အန္ဂ်လီကာက ဂ်က္ဖရီကို တြဲၾကဖို႔စတင္ဖြင့္ေျပာခဲ့ၿပီး ဂ်က္ဖရီဘက္ကလည္း ဒါကို သေဘာတူခဲ့ၾကပါတယ္။

သူတို႔ႏွစ္ဦးရဲ႕အခ်စ္ခရီးအစမွာ အဆင္မေျပမႈမ်ားစြာႀကဳံေတြ႕ခဲ့ရၿပီး ဂ်က္ဖရီဟာ တျခားအမ်ိဳးသားေတြနဲ႔ ဇာတ္လမ္းေတြရွိေနတဲ့အျပင္ ဂ်က္စတင္နဲ႔လည္း အဆက္အသြယ္ရွိေနတာကို အန္ဂ်လီကာက သိရွိခဲ့ရပါတယ္။

အဲဒီေနာက္မွာေတာ့ အန္ဂ်လီကာက ဂ်က္ဖရီကို ျပတ္ျပတ္သားသားဆုံးျဖတ္ေပးဖို႔ ေတာင္းဆိုခဲ့ၿပီး ဂ်က္ဖရီက သူမကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္။

“ဂ်က္စတင္က က်ေနာ္တို႔အဆင္ေျပလားလို႔ ေမးျမန္းခဲ့တာပါ။ ၿပီးေတာ့ သူက က်ေနာ္နဲ႔ အန္ဂ်လီကာတို႔အတြက္လည္း ဆုေတာင္းေပးလိုက္ပါေသးတယ္။ တျခားအမ်ိဳးသားေတြနဲ႔ ယွဥ္ရင္ က်ေနာ့္ကိုတကယ္ခ်စ္တဲ့ အန္ဂ်လီကာကိုပဲ ေ႐ြးခ်ယ္ရမွာေပါ့” လို႔ ဂ်က္ဖရီကေျပာပါတယ္။

ဒီလိုနဲ႔ပဲ သူတို႔စုံတြဲဟာ အခ်ိန္အတန္ၾကာအတူတူေနခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာေတာ့ သားေယာက်္ား ေလးတဦးကို ေမြးဖြားခဲ့ပါတယ္။





“က်ေနာ္ရတဲ့ လစာကနည္းလို႔ အဆင္မေျပေပမယ့္ ပိုက္ဆံကိုပိုဆုၿပီး သားေလးကို ျပဳစုပ်ိဳးေထာင္သြားမွာပါ” လို႔ ဂ်က္ဖရီကေျပာပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ ဆန္းျပားတဲ့ အခ်စ္ဇာတ္လမ္း ဖိလစ္ပိုင္ႏိုင္ငံက လူမႈကြန္ရက္ အသုံးျပဳသူေတြၾကားမွာ အထူးပင္ေရပန္းစားေနၿပီး “ဒါဟာ အခ်စ္စစ္ရဲ႕ ျပယုဂ္တခုျဖစ္တယ္” လို႔လည္း အမ်ားစုက မွတ္ခ်က္ေပးလ်က္ရွိပါတယ္။

share from: xyznews

Unicode ဖြင့်ဖတ်ရန်

ချစ်သူနဲ့ ဖောက်ပြန်နေတဲ့ ဂေးလ်အမျိုးသားနဲ့ပြန်ကြိုက်ပြီး ကလေးပါယူခဲ့တဲ့ အမျိုးသမီး ( ရုပ် / သံ )




ချစ်သူနဲ့ ဖောက်ပြန်နေတဲ့ ဂေးလ်အမျိုးသားကိုမှချစ်မိပြီး နောက်ပိုင်းမှာ ဒီဂေးလ်အမျိုးသားနဲ့ ကလေးပါယူခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ဖိလစ်ပိုင်မှာ အထူး ရေပန်းစားနေတယ်လို့ nextshark သတင်းမှာဖော်ပြပါတယ်။

၂၀၁၅ ခုနှစ်ဇွန်လမှာ အန်ဂျလီကာ မာဘူဟေးဟာ ဂျက်စတင်ဆိုတဲ့ အမျိုးသားတယောက်နဲ့ ဆုံ တွေ့ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ ချစ်သူတွေအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

“ကျမတို့တွဲခဲ့ကြပြီး အမြဲတမ်း ဖုန်းနဲ့၊ မက်ဆေ့ချ်နဲ့ အဆက်အသွယ်ရှိခဲ့ပါတယ်။ သူနဲ့စကားမပြောနိုင်မှာဆိုးလို့ ကျမဖုန်းကိုအမြဲတမ်း ငွေဖြည့်ထားခဲ့ပါတယ်” လို့ အန်ဂျလီကာက Jassica Soho ဆိုတဲ့ ရုပ်သံအစီစဉ်တခုမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် လနည်းငယ်အကြာမှာတော့ ဂျက်စတင်က သူမအပေါ် သွေးအေးသွားခဲ့ပြီး ဒီကိစ္စကြောင့် အန်ဂျလီကာဟာ သံသယတွေပွားခဲ့ပါတယ်။

“သူ့မှာ နောက်တယောက်ရှိနေပြီလို့ ကျမသံသဝဝင်ခဲ့တယ်။ အဲဒါကြောင့် သူ့ဖုန်းတွေ၊ လူမှုကွန်ရက်တွေကို ကျမစောင့်ကြည့်ခဲ့ပါတယ်။ အန်ဂျလီဘက်က သံသယတွေဝင်ခဲ့ပေမယ့် ဂျက်စတင်က သူမနဲ့ ဆက်တွဲခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဖေ့စ်ဘွတ်မှာ ပို့စ်တခု မတက်လာခင်အချိန်ထိပဲ ဖြစ်ပါတယ်။ ဂျက်စတင်ဟာ အန်ဂျလီကာ့နောက်ကွယ်မှာ ဂေးလ်အမျိုးသားတဦးနဲ့ ရှုပ်နေခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ဖေ့စ်ဘွတ်ခ်ကနေတဆင့် အန်ဂျလီကာက သိရှိခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အန်ဂျလီကာဟာ ဂျက်စတင်နဲ့ လမ်းခွဲခဲ့ပါတယ်။ လမ်းမခွဲခင် ဒီကိစ္စကို ဖြေရှင်းကြချိန်မှာ ဂျက်စတင်က သူမကို လှောင်ပြောင်သရော်ပြီး တုံ့ပြန်ခဲ့တယ်” လို့လည်း အန်ဂျလီကာက ရင်ဖွင့်ပါတယ်။

ဂျက်စတင်ဟာ ဂျက်ဖရီအူရီတာ ဆိုသူနဲ့ တွဲခု

တ်နေတာဖြစ်ပြီး “ဂျက်စတင်ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် သူ့ကိုမြင်မြင်ချင်း သဘောကျသွားခဲ့တယ်” လို့ ဂျက်ဖရီကပြောပါတယ်။

ဒါပေမယ့် သူ့မှာ ရည်းစားရှိနေတယ်ဆိုတာကိုတော့ မသိခဲ့ပါဘူူးလို့လည်း သူကဆက်လက် ပြောကြားပါတယ်။ ဂျက်ဖီရီဟာ ဂျက်စတင်ရဲ့သဘောတူညီချက်နဲ့ သူတို့အချစ်ဇာတ်လမ်းကို လူမှုကွန်ရက်ပေါ်မှာ ကြေညာခဲ့တာဖြစ်ပြီး ဒီလို လူသိရှင်ကြား ကြေညာခဲ့ပြီးချိန်မှာ အန်ဂျလီကာက သူ့ကို ပြဿနာရှာမယ့်အစား မက်ဆေ့ချ်ပို့ဆက်သွယ်ကာ သူငယ်ချင်းတွေဖြစ်ကြဖို့ အံ့အားသင့်ဖွယ် တောင်းဆိုခဲ့ပါတယ်။

ပိုပြီးအံ့အားသင့်ဖို့ကောင်းတာက အဲဒီနောက်ပိုင်းမှာ အန်ဂျလီကာနဲ့ ဂျက်ဖရီတို့နှစ်ဦးဟာ သူငယ်ချင်းတွေဖြစ်လာခဲ့ကြပြီး ဂျက်ဖရီနဲ့ ဂျက်စတင်တို့ ပြတ်စဲ သွားပြီးချိန်မှာတော့ သူတို့နှစ်ဦးကြား ပိုမိုနီးစပ်လာကာ အရင်းနှီးဆုံး မိတ်ဆွေတွေအဖြစ်ကို ရောက်ရှိလာခဲ့ကြပါတယ်။

“ကျနော်ဘာလုပ်နေလဲဆိုတာက အန်ဂျလီကာက အမြဲတမ်း ဆက်သွယ်ပေးမြန်းခဲ့တယ်” လို့ ဂျက်ဖရီကပြောပြီး “သူနဲ့စကားမပြောရရင် ကျမဘဝက မပြည့်စုံသလိုကြီးခံစားရတယ်” လို့လည်း အန်ဂျလီကာက ဆိုပါတယ်။

အဲဒီနောက်မှာတော့ အန်ဂျလီကာက ဂျက်ဖရီကို တွဲကြဖို့စတင်ဖွင့်ပြောခဲ့ပြီး ဂျက်ဖရီဘက်ကလည်း ဒါကို သဘောတူခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့အချစ်ခရီးအစမှာ အဆင်မပြေမှုများစွာကြုံတွေ့ခဲ့ရပြီး ဂျက်ဖရီဟာ တခြားအမျိုးသားတွေနဲ့ ဇာတ်လမ်းတွေရှိနေတဲ့အပြင် ဂျက်စတင်နဲ့လည်း အဆက်အသွယ်ရှိနေတာကို အန်ဂျလီကာက သိရှိခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အန်ဂျလီကာက ဂျက်ဖရီကို ပြတ်ပြတ်သားသားဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဂျက်ဖရီက သူမကိုပဲ ရွေးချယ်ခဲ့ပါတယ်။

“ဂျက်စတင်က ကျနော်တို့အဆင်ပြေလားလို့ မေးမြန်းခဲ့တာပါ။ ပြီးတော့ သူက ကျနော်နဲ့ အန်ဂျလီကာတို့အတွက်လည်း ဆုတောင်းပေးလိုက်ပါသေးတယ်။ တခြားအမျိုးသားတွေနဲ့ ယှဉ်ရင် ကျနော့်ကိုတကယ်ချစ်တဲ့ အန်ဂျလီကာကိုပဲ ရွေးချယ်ရမှာပေါ့” လို့ ဂျက်ဖရီကပြောပါတယ်။

ဒီလိုနဲ့ပဲ သူတို့စုံတွဲဟာ အချိန်အတန်ကြာအတူတူနေခဲ့ကြပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ သားယောကျ်ား လေးတဦးကို မွေးဖွားခဲ့ပါတယ်။

“ကျနော်ရတဲ့ လစာကနည်းလို့ အဆင်မပြေပေမယ့် ပိုက်ဆံကိုပိုဆုပြီး သားလေးကို ပြုစုပျိုးထောင်သွားမှာပါ” လို့ ဂျက်ဖရီကပြောပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဆန်းပြားတဲ့ အချစ်ဇာတ်လမ်း ဖိလစ်ပိုင်နိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ အထူးပင်ရေပန်းစားနေပြီး “ဒါဟာ အချစ်စစ်ရဲ့ ပြယုဂ်တခုဖြစ်တယ်” လို့လည်း အများစုက မှတ်ချက်ပေးလျက်ရှိပါတယ်။

share from: xyznews



Previous
Next Post »
Powered by Blogger.