ေဆာင္းရာသီ ႏႈတ္ခမ္းကြဲျခင္း မျဖစ္ေစရန္







Zawgyiျဖင့္ဖတ္ရန္

ကဲ ပရိသတ္ႀကီးတို႔ေရ ေဆာင္းရာသီနဲ႔အတူ အသားပတ္ျခင္းေတြ ႏႈတ္ခမ္းေျခာက္ေသြ႕ျခင္းေတြ ပါ ေရာက္ရွိလာပါၿပီေနာ္ ႏႈတ္ခမ္းေျခာက္ေသြ႕ျခင္းက ေရဓာတ္ေျခာက္ေသြ႕တဲ့အခါ ၁၂ ရာသီပတ္လုံး ျဖစ္ႏိုင္တာမို႔ အလြယ္တကူေပ်ာက္ကင္းေစႏိုင္တဲ့ သဘာဝနည္းလမ္းေလးေတြ ေဒါက္တာဇီဝက က ေျပာျပေပးလိုက္ပါတယ္ေနာ္။

တစ္ခုေတာ့ရွိတယ္ အေခ်ာေလးတို႔ေရ . . . ဘယ္ေလာက္ပဲ ဒီလို နည္းလမ္းေတြ လုပ္လုပ္ ေရဓာတ္ျပည့္ဝေအာင္ မေသာက္ေပးဘူးဆိုရင္ ႏႈတ္ခမ္းေျခာက္ေသြ႕ အက္ကြဲျခင္းက ျပန္ျပန္ျဖစ္လာႏိုင္ပါတယ္ေနာ္။ ဒါဆို နည္းလမ္းေလးေတြကေတာ့ . . .

အုန္းဆီလိမ္းေပးျခင္း



အုန္းဆီ၊ သံလြင္ဆီ၊ လက္ဖက္ကေနထုတ္တဲ့ဆီ (tea tree oil) တစ္မ်ိဳးမ်ိဳးကို တစ္စက္ ႏွစ္စက္ေလာက္ ႏႈတ္ခမ္းေပၚအႏွံ႔လိမ္းၿပီး ျဖန႔္ေပးပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္ (သို႔) သုံးႀကိမ္ ညအိပ္ရာမဝင္ခင္ လိမ္းေပးရင္ ႏႈတ္ခမ္းကြဲအက္တာေတြ ေပ်ာက္သြားပါလိမ့္မယ္။

ပ်ားရည္လိမ္းေပးျခင္း

ပ်ားရည္ ကို ႏႈတ္ခမ္းေပၚလိမ္းေပးပါ။ ၿပီးလွ်င္ အလွဆီတစ္မ်ိဳးမ်ိဳးထပ္လိမ္းေပးပါ။ ၿပီးလွ်င္ ၁၀ – ၁၅ မိနစ္ေလာက္ထားၿပီးလွ်င္ တစ္ရႉးျဖစ္ျဖစ္ အဝတ္စေလးနဲ႔ျဖစ္ျဖစ္ ပြတ္တိုက္ၿပီး ဖ်က္ေပးပါ။ တစ္ေန႔ တစ္ႀကိမ္လုပ္ေပးမယ္ဆို ထူးျခားတဲ့ ရလဒ္ရပါလိမ့္မယ္။

ႏွင္းဆီပြင့္ဖတ္နဲ႔ ႏြားႏို႔လိမ္းေပးျခင္း

ႏွင္းဆီပြင့္ခ်ပ္ (၅ – ၆ ခ်ပ္)ေလးေတြကို ႏြားႏို႔ (ခြက္ရဲ႕ ေလးပုံတစ္ပုံ) ထဲ ၂ -၃ နာရီေလာက္စိမ္ထားပါ။ ၿပီးလွ်င္ ေပ်ာ့ဖတ္ရေအာင္ ေခ်ေပးပါ။ ရလာတဲ့ အႏွစ္ကို ႏႈတ္ခမ္းေပၚ အႏွံ႔လိမ္းၿပီး မိနစ္ ၂၀ ေလာက္ ထားေပးပါ။ ၿပီးလွ်င္ ေရေအးေအးနဲ႔ ေဆးခ်ေပးပါ။ ေန႔စဥ္လုပ္ေပးမယ္ဆို ဗီတာမင္ အီးနဲ႔ လက္တစ္အက္စ္ ျပည့္ဝေနတာမို႔ ႏႈတ္ခမ္းသားေတြက ေျခာက္ကပ္ေနတာမရွိပဲ သဘာဝအတိုင္း ပန္းေရာင္ေလးသန္းေနမွာပါ။

သခြားသီးပြတ္လိမ္းေပးျခင္း



သခြားသီးစိတ္ေလးေတြ ႏႈတ္ခမ္းမွာ မိနစ္အနည္းေလာက္ပြတ္ေပးပါ။ ၿပီးလွ်င္ ၁၀ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။ တစ္ေန႔ကို တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ ေလာက္လုပ္ေပးပါ။ ဒါဆို ႏႈတ္ခမ္းေျခာက္ေသြ႕ေနတာေတြ ေပ်ာက္ကင္းပါလိမ့္မယ္။

ရွားေစာင္းလက္ပပ္လိမ္းေပးျခင္း

ရွားေစာင္းလက္ပပ္အထဲက ဂ်ယ္လ္ ကို ညအိပ္ရာမဝင္ခင္ ႏႈတ္ခမ္းေပၚလိမ္းၿပီး အိပ္ေပးပါ။ ဒါဆို ႏႈတ္ခမ္ဒက ေျခာက္ေသြ႕ေနတဲ့ အလႊာေတြဖယ္ရွားေပးၿပီး ႏႈတ္ခမ္းသားစိုေျပေနတဲ့အျပင္ ေအးျမတဲ့ ခံစားမႈကို ရပါလိမ့္မယ္။

လက္ဖက္ေျခာက္ထုပ္ကပ္ေပးျခင္း

လက္ဖက္ေျခာက္ထုပ္ေလးေတြ စိမ္ၿပီး ေသာက္ၿပီးတဲ့အခါ မလႊတ္ပစ္ပါနဲ႔ဦး အက်ိဳးရွိပါေသးတယ္။ စိမ္ၿပီးသား လက္ဖက္ေျခာက္ထုပ္ေလးေတြကို ႏႈတ္ခမ္းေပၚ မိနစ္အနည္းငယ္ေလာက္ တင္ထားလိုက္ပါ။ သင့္ႏႈတ္ခမ္းကေျခာက္ေသြ႕မႈေတြကို စုတ္ယူသြားပါလိမ့္မယ္။

သၾကားျဖင့္ ပြတ္လိမ္းေပးျခင္း

သၾကား အျဖဴ (သို႔) အညိဳ တစ္ဇြန္းခန႔္ကို သံလြင္ဆီ အနည္းငယ္၊ ပ်ားရည္ အနည္းငယ္နဲ႔ ေရာၿပီး ႏႈတ္ခမ္းကို ပြတ္ေပးပါ။ ၿပီးလွ်င္ ေရေႏြးေႏြးေလးျဖင့္ ေဆးေပးပါ။ တစ္ပတ္ျမႇ တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္ခန႔္ လုပ္ေပးပါ။ ဒါဆို ႏူးညံတဲ့ ႏႈတ္ခမ္းေလးရပါလိမ့္မယ္ဗ်ာ။ယခု ေဆာင္းပါးကို ေဒါက္တာ ဇီီဝကမွ ကူးယူေဖာ္ျပပါသည္။

Unicode ဖြင့်ဖတ်ရန်


ကဲ ပရိသတ်ကြီးတို့ရေ ဆောင်းရာသီနဲ့အတူ အသားပတ်ခြင်းတွေ နှုတ်ခမ်းခြောက်သွေ့ခြင်းတွေ ပါ ရောက်ရှိလာပါပြီနော် နှုတ်ခမ်းခြောက်သွေ့ခြင်းက ရေဓာတ်ခြောက်သွေ့တဲ့အခါ ၁၂ ရာသီပတ်လုံး ဖြစ်နိုင်တာမို့ အလွယ်တကူပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေ ဒေါက်တာဇီဝက က ပြောပြပေးလိုက်ပါတယ်နော်။

တစ်ခုတော့ရှိတယ် အချောလေးတို့ရေ . . . ဘယ်လောက်ပဲ ဒီလို နည်းလမ်းတွေ လုပ်လုပ် ရေဓာတ်ပြည့်ဝအောင် မသောက်ပေးဘူးဆိုရင် နှုတ်ခမ်းခြောက်သွေ့ အက်ကွဲခြင်းက ပြန်ပြန်ဖြစ်လာနိုင်ပါတယ်နော်။ ဒါဆို နည်းလမ်းလေးတွေကတော့ . . .

အုန်းဆီလိမ်းပေးခြင်း

အုန်းဆီ၊ သံလွင်ဆီ၊ လက်ဖက်ကနေထုတ်တဲ့ဆီ (tea tree oil) တစ်မျိုးမျိုးကို တစ်စက် နှစ်စက်လောက် နှုတ်ခမ်းပေါ်အနှံ့လိမ်းပြီး ဖြန့်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ် (သို့) သုံးကြိမ် ညအိပ်ရာမဝင်ခင် လိမ်းပေးရင် နှုတ်ခမ်းကွဲအက်တာတွေ ပျောက်သွားပါလိမ့်မယ်။

ပျားရည်လိမ်းပေးခြင်း

ပျားရည် ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ပြီးလျှင် အလှဆီတစ်မျိုးမျိုးထပ်လိမ်းပေးပါ။ ပြီးလျှင် ၁၀ – ၁၅ မိနစ်လောက်ထားပြီးလျှင် တစ်ရှူးဖြစ်ဖြစ် အဝတ်စလေးနဲ့ဖြစ်ဖြစ် ပွတ်တိုက်ပြီး ဖျက်ပေးပါ။ တစ်နေ့ တစ်ကြိမ်လုပ်ပေးမယ်ဆို ထူးခြားတဲ့ ရလဒ်ရပါလိမ့်မယ်။

နှင်းဆီပွင့်ဖတ်နဲ့ နွားနို့လိမ်းပေးခြင်း

နှင်းဆီပွင့်ချပ် (၅ – ၆ ချပ်)လေးတွေကို နွားနို့ (ခွက်ရဲ့ လေးပုံတစ်ပုံ) ထဲ ၂ -၃ နာရီလောက်စိမ်ထားပါ။ ပြီးလျှင် ပျော့ဖတ်ရအောင် ချေပေးပါ။ ရလာတဲ့ အနှစ်ကို နှုတ်ခမ်းပေါ် အနှံ့လိမ်းပြီး မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးလျှင် ရေအေးအေးနဲ့ ဆေးချပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆို ဗီတာမင် အီးနဲ့ လက်တစ်အက်စ် ပြည့်ဝနေတာမို့ နှုတ်ခမ်းသားတွေက ခြောက်ကပ်နေတာမရှိပဲ သဘာဝအတိုင်း ပန်းရောင်လေးသန်းနေမှာပါ။

သခွားသီးပွတ်လိမ်းပေးခြင်း

သခွားသီးစိတ်လေးတွေ နှုတ်ခမ်းမှာ မိနစ်အနည်းလောက်ပွတ်ပေးပါ။ ပြီးလျှင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ် လောက်လုပ်ပေးပါ။ ဒါဆို နှုတ်ခမ်းခြောက်သွေ့နေတာတွေ ပျောက်ကင်းပါလိမ့်မယ်။

ရှားစောင်းလက်ပပ်လိမ်းပေးခြင်း

ရှားစောင်းလက်ပပ်အထဲက ဂျယ်လ် ကို ညအိပ်ရာမဝင်ခင် နှုတ်ခမ်းပေါ်လိမ်းပြီး အိပ်ပေးပါ။ ဒါဆို နှုတ်ခမ်ဒက ခြောက်သွေ့နေတဲ့ အလွှာတွေဖယ်ရှားပေးပြီး နှုတ်ခမ်းသားစိုပြေနေတဲ့အပြင် အေးမြတဲ့ ခံစားမှုကို ရပါလိမ့်မယ်။

လက်ဖက်ခြောက်ထုပ်ကပ်ပေးခြင်း

လက်ဖက်ခြောက်ထုပ်လေးတွေ စိမ်ပြီး သောက်ပြီးတဲ့အခါ မလွှတ်ပစ်ပါနဲ့ဦး အကျိုးရှိပါသေးတယ်။ စိမ်ပြီးသား လက်ဖက်ခြောက်ထုပ်လေးတွေကို နှုတ်ခမ်းပေါ် မိနစ်အနည်းငယ်လောက် တင်ထားလိုက်ပါ။ သင့်နှုတ်ခမ်းကခြောက်သွေ့မှုတွေကို စုတ်ယူသွားပါလိမ့်မယ်။

သကြားဖြင့် ပွတ်လိမ်းပေးခြင်း

သကြား အဖြူ (သို့) အညို တစ်ဇွန်းခန့်ကို သံလွင်ဆီ အနည်းငယ်၊ ပျားရည် အနည်းငယ်နဲ့ ရောပြီး နှုတ်ခမ်းကို ပွတ်ပေးပါ။ ပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးပေးပါ။ တစ်ပတ်မြှ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် လုပ်ပေးပါ။ ဒါဆို နူးညံတဲ့ နှုတ်ခမ်းလေးရပါလိမ့်မယ်ဗျာ။ယခု ဆောင်းပါးကို ဒေါက်တာ ဇီဝကမှ ကူးယူဖော်ပြပါသည်။

Credit:  Yangon News
Previous
Next Post »
Powered by Blogger.