ခ်စ္စရာ သားေလးက စကားမေျပာဘဲ အနားကပ္မခံေတာ့လို႔ ငိုေနရတဲ့ အေၾကာင္းေျပာျပလာတဲ့ မယ္လိုဒီ




Zawgyiျဖင့္ဖတ္ရန္

သ႐ုပ္ေဆာင္မယ္လိုဒီဟာ မိမိက်ရာဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္ႏိုင္သူတစ္ဦးျဖစ္ၿပီး သူမရဲ႕ ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ႏိုင္မႈေၾကာင့္ အကယ္ဒမီဆုကိုလည္း ဆြတ္ခူးထားႏိုင္တဲ့ မင္းသမီးတစ္ဦးပဲျဖစ္ပါတယ္…. ခုခ်ိန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ မယ္လိုဒီ့ကို သိပ္မေတြ႕ရေတာ့ဘဲ ခ်စ္တဲ့ ခင္ပြန္း သားေလးတို႔နဲ႔ အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ေလွ်ာက္လွမ္းေနတာေတြ႕ရပါတယ္…



သ႐ုပ္ေဆာင္မယ္လိုဒီဟာ သူ႔ရဲ႕ သားေလး သိဒၶိစစ္ကို အရမ္းခ်စ္သူျဖစ္ၿပီးေတာ့ မိခင္ေကာင္းတစ္ေယာက္ပီသစြာ ျပဳစုေစာင့္ေရွာက္ေနတာပဲ ျဖစ္ပါတယ္..လတ္တေလာမွာေတာ့ ခုလိုအရမ္းခ်စ္ရတဲ့ သားေလးက သူ႔ကို အနားကပ္မခံဘဲ အတူလာမအိပ္တာေၾကာင့္ ဝမ္းနည္းလြန္းလို႔ တစ္ညလုံးငိုခဲ့ရတာ ရင္ဘတ္ေတြေတာင္ေအာင့္တဲ့အထိ ျဖစ္ရတယ္လို႔ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာ မွာ ဝမ္းနည္းစြာနဲ႔ ခုလိုဆိုထားပါတယ္….



“မေန႔ကခရီးကျပန္လာတာ သားကအနားမကပ္ အတူမအိပ္ေတာ့ ဒီအေမဝမ္းနည္းၿပီးတညလုးံရင္ဘတ္ေတြေအာင့္ငိုလိုက္ရတာ ….သားေလးသာမခ်စ္ေတာ့ရင္ဆိုၿပီး ခံစားရတာေသေတာ့မယ္ ….ဒီမနက္ေတာ့ မနက္စာ ကိုယ္တိုင္ေကြၽး ေရခ်ိဳးေပး ေန႔လည္အတူအိပ္ေပး ျပန္ဖားေနရတယ္ ….အမေလး ဘဝကိုက တဖက္သတ္အခ်စ္ႀကီးပါလားေနာ္… သားေလးေရ က်န္တာေတြခံစားရတာ ေမေမအတြက္ မထူးဆန္းေတာ့ေပမယ့္ သားေလးမခ်စ္ရင္ေတာ့ ေမေမရင္ကြဲရပါလိမ့္မယ္…သားေလးအခ်စ္ကိုမွီခိုအားယူရင္ ေမေမလဲမက်ေအာင္အားတင္းထားတာပါ သားေလးသာမခ်စ္ေတာ့ရင္ က်န္တာေတြ ပစ္ခ်လိုက္ဖို႔ ေမေမဝန္ေလးေနမွာမဟုတ္ပါဘူး ေမေမ့ကိုအၿမဲခ်စ္ပါ ေမေမအားငယ္တတ္တယ္ သားေလးကိုလည္းေမေမအၿမဲခ်စ္ေနမွာပါ” လို႔ ဆိုထားတာပါ….



ခုေတာ့ သားေလးျဖစ္သူနဲ႔ မယ္လိုဒီဟာ ေျပလည္သြားပုံရပါတယ္….သားအေပၚ အရမ္းခ်စ္တဲ့ မယ္လိုဒီရဲ႕ မိခင္ေမတၱာကိုလည္း ပရိသတ္ေတြက ခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္….ခုလို တစ္ညေလးလာမအိပ္႐ုံနဲ႔ ရင္ဘတ္ေအာင့္မတတ္ခံစားၿပီး ငိုေႂကြးရတဲ့ မယ္လိုဒီရဲ႕ မိခင္ေမတၱာေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္…


Unicode ဖြင့်ဖတ်ရန်



သရုပ်ဆောင်မယ်လိုဒီဟာ မိမိကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပြီး သူမရဲ့ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီဆုကိုလည်း ဆွတ်ခူးထားနိုင်တဲ့ မင်းသမီးတစ်ဦးပဲဖြစ်ပါတယ်…. ခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ မယ်လိုဒီ့ကို သိပ်မတွေ့ရတော့ဘဲ ချစ်တဲ့ ခင်ပွန်း သားလေးတို့နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို လျှောက်လှမ်းနေတာတွေ့ရပါတယ်…



သရုပ်ဆောင်မယ်လိုဒီဟာ သူ့ရဲ့ သားလေး သိဒ္ဓိစစ်ကို အရမ်းချစ်သူဖြစ်ပြီးတော့ မိခင်ကောင်းတစ်ယောက်ပီသစွာ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်..လတ်တလောမှာတော့ ခုလိုအရမ်းချစ်ရတဲ့ သားလေးက သူ့ကို အနားကပ်မခံဘဲ အတူလာမအိပ်တာကြောင့် ဝမ်းနည်းလွန်းလို့ တစ်ညလုံးငိုခဲ့ရတာ ရင်ဘတ်တွေတောင်အောင့်တဲ့အထိ ဖြစ်ရတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ ဝမ်းနည်းစွာနဲ့ ခုလိုဆိုထားပါတယ်….



“မနေ့ကခရီးကပြန်လာတာ သားကအနားမကပ် အတူမအိပ်တော့ ဒီအမေဝမ်းနည်းပြီးတညလုးံရင်ဘတ်တွေအောင့်ငိုလိုက်ရတာ ….သားလေးသာမချစ်တော့ရင်ဆိုပြီး ခံစားရတာသေတော့မယ် ….ဒီမနက်တော့ မနက်စာ ကိုယ်တိုင်ကျွေး ရေချိုးပေး နေ့လည်အတူအိပ်ပေး ပြန်ဖားနေရတယ် ….အမလေး ဘဝကိုက တဖက်သတ်အချစ်ကြီးပါလားနော်… သားလေးရေ ကျန်တာတွေခံစားရတာ မေမေအတွက် မထူးဆန်းတော့ပေမယ့် သားလေးမချစ်ရင်တော့ မေမေရင်ကွဲရပါလိမ့်မယ်…သားလေးအချစ်ကိုမှီခိုအားယူရင် မေမေလဲမကျအောင်အားတင်းထားတာပါ သားလေးသာမချစ်တော့ရင် ကျန်တာတွေ ပစ်ချလိုက်ဖို့ မေမေဝန်လေးနေမှာမဟုတ်ပါဘူး မေမေ့ကိုအမြဲချစ်ပါ မေမေအားငယ်တတ်တယ် သားလေးကိုလည်းမေမေအမြဲချစ်နေမှာပါ” လို့ ဆိုထားတာပါ….



ခုတော့ သားလေးဖြစ်သူနဲ့ မယ်လိုဒီဟာ ပြေလည်သွားပုံရပါတယ်….သားအပေါ် အရမ်းချစ်တဲ့ မယ်လိုဒီရဲ့ မိခင်မေတ္တာကိုလည်း ပရိသတ်တွေက ချီးကျူးနေကြတာဖြစ်ပါတယ်….ခုလို တစ်ညလေးလာမအိပ်ရုံနဲ့ ရင်ဘတ်အောင့်မတတ်ခံစားပြီး ငိုကြွေးရတဲ့ မယ်လိုဒီရဲ့ မိခင်မေတ္တာလေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်…

Writer – HW (Shwe Yaung Lan)

Source : Melody Myo


Previous
Next Post »
Powered by Blogger.