ခ်စ္သူစုံတြဲ အခ်င္းခ်င္း ျဖစ္ေနရင္ေအာင္ မလုပ္သင့္တဲ့ အခ်က္မ်ား




Zawgyi ျဖင့္ဖတ္ရန္

ခ်စ္သူစုံတြဲဆိုတာ တစ္ေယာက္အေၾကာင္း တစ္ေယာက္အကုန္ သိရမယ္၊ ႏွစ္ကိုယ့္တစ္စိတ္ ဘာညာဆိုတာေတြနဲ႔ အဆင္ေျပၾကတဲ့ စုံတြဲေတြ ရွိသလို အဆင္မေျပတဲ့သူေတြလည္း ရွိပါတယ္ေနာ္။ ခ်စ္သူစုံတြဲ မဆိုထားႏွင့္ အိမ္ေထာင္သည္ေတြေတာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ မလုပ္သင့္တာ အေလးထားရမွာေတြ ရွိပါတယ္။ ဒါမွသာ ယဥ္ေက်းတဲ့ေကာင္းမြန္တဲ့ လူ႔အဖြဲ႕အစည္း ျဖစ္လာမွာပါ။ အဲ့လို ျဖစ္ဖို႔ဆို ဒီအခ်က္ေတြကို နားလည္လိုက္နာဖို႔ လိုအပ္ပါတယ္။

(၁) မဆဲဆိုပါနဲ႔။
ျမန္မာေဝါဟာရက အင္မတန္ က်ယ္ျပန႔္ပါတယ္။ အေပ်ာ္သေဘာအေနနဲ႔ ဆဲတာ၊ စကားသက္သက္ ဆဲတာေတြလည္း ရွိပါတယ္။ အဲ့လို ဆဲတာမ်ိဳးကို မဆိုလိုပါဘူး။ တစ္ေယာက္ကို တစ္ေယာက္ ေဒါသတႀကီး ဆဲဆိုတာမ်ိဳးကို ဆိုလိုတာပါ။ ႏွစ္ေယာက္ ရန္ျဖစ္ရင္ ရန္ျဖစ္တဲ့ အေၾကာင္းအရာကိုပဲ ေျပာဆိုသင့္ပါတယ္။ အဲ့လို မဟုတ္ပဲ ဆဲဆိုတာမ်ိဳး လုပ္လိုက္တာက တစ္ဖက္တစ္ဖက္ တန္ဖိုးထားမႈ မရွိေၾကာင္း ျပဳမူလိုက္သလို ျဖစ္ပါမွာ။


(၂) လက္ မပါ ပါနဲ႔။


ဘယ္ေလာက္ပဲ စိတ္ဆိုးၾကပါေစ။ လက္မပါဖို႔ လိုအပ္ပါတယ္။ လက္ပါတာက ၾကမ္းတမ္းတဲ့ အျပဳအမူမ်ိဳး ျဖစ္ပါတယ္။ ခ်စ္တဲ့သူဆိုတာမ်ိဳးက ကိုယ္ခ်စ္တဲ့သူကို အသားမနာေစလိုပါဘူး။ ေဒါသေၾကာင့္ လက္ပါမိရင္ သင့္ခ်စ္သူစိတ္ထဲ သင့္အေပၚ စိတ္ခုတာ သင့္ကိုစိတ္နာသြားတာေတြ ျဖစ္ႏိုင္ပါတယ္။ ဘယ္သူမွ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို လက္ပါတာကို မလိုခ်င္ၾကပါဘူး။

(၃) Privacy ကို နားလည္ပါ။
သူ႔ရဲ႕ အရာရာတိုင္းရဲ႕ လွ်ိဳ႕ဝွက္နံပါတ္ေတြ၊ သူ႔အေၾကာင္းေတြကို သင္ သိထားစရာ မလိုအပ္ပါဘူး။ လူတိုင္းမွာ သူ႔လြတ္လပ္ခြင့္နဲ႔ သူ ရွိပါတယ္။ ဇနီး ျဖစ္ေနလို႔၊ ခင္ပြန္းျဖစ္ေနလို႔ဆိုၿပီး သူလုပ္သမွ်ကို တစ္ခုမက်န္ လိုက္ထိန္းခ်ဳပ္စရာ မလိုအပ္ပါဘူး။သင္တို႔က လင္မယားေတြ ခ်စ္သူေတြ ျဖစ္ပါတယ္။ ရဲနဲ႔ ရာဇဝတ္သားေတြ မဟုတ္ပါဘူး။ ဒါက အေျခခံ သိနားလည္ထားရမယ့္ လူ႔က်င့္ဝတ္ပဲ ျဖစ္ပါတယ္။


(၄) အတင္းအၾကပ္ မခိုင္းေစပါနဲ႔။
သင္တို႔က သက္ဆိုင္တယ္ဆိုတိုင္း သင္လုပ္ေစခ်င္တာ အားလုံး လုပ္ရမယ္လို႔ မဆိုလိုပါဘူး။ သူဆႏၵရွိမွသာ လုပ္သင့္တာပါ။ ဒါကို သင့္ကို မခ်စ္လို႔တို႔ သင့္ကို ခ်စ္ရင္ လုပ္ကို လုပ္ရမယ္တို႔ အတင္းအၾကပ္ေစခိုင္းတာက ခ်စ္သူေတြမွာ ရွိသင့္တဲ့အခ်က္မဟုတ္ပါဘူး။ အတင္းအၾကပ္ေစခိုင္းခံရတာ ခိုင္းသမွ် လုပ္ရတာက ကြၽန္စနစ္မွာပဲ ရွိတာပါ။

(၅) ပစ္ပယ္တာမ်ိဳး မလုပ္ပါနဲ႔။
တစ္ေယာက္ကို တစ္ေယာက္ လြတ္လပ္ခြင့္ ေပးရမယ္ဆိုတိုင္း သင္က ရည္းစားမရွိတဲ့သူလို အိမ္ေထာင္မရွိတဲ့သူလို ေနလို႔ေတာ့ မရပါဘူး။ လူတိုင္း လူတိုင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ပတ္သတ္တဲ့အခါ အသိအမွတ္ျပဳမႈ ေပးဖို႔ လိုအပ္ပါတယ္။ သူငယ္ခ်င္းအေလ်ာက္၊ မိဘအေလ်ာက္၊ ခ်စ္သူအေလ်ာက္ အသိအမွတ္ျပဳရမွာ ျဖစ္သလို အခ်ိန္ေပးရမွာ ျဖစ္ပါတယ္။


Credit: Aunty may 


Unicode ဖြင့်ဖတ်ရန်

ချစ်သူစုံတွဲ အချင်းချင်း ဖြစ်နေရင်အောင် မလုပ်သင့်တဲ့ အချက်များ




ချစ်သူစုံတွဲဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်အကုန် သိရမယ်၊ နှစ်ကိုယ့်တစ်စိတ် ဘာညာဆိုတာတွေနဲ့ အဆင်ပြေကြတဲ့ စုံတွဲတွေ ရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိပါတယ်နော်။ ချစ်သူစုံတွဲ မဆိုထားနှင့် အိမ်ထောင်သည်တွေတောင် တစ်ယောက်နဲ့ တစ်ယောက် မလုပ်သင့်တာ အလေးထားရမှာတွေ ရှိပါတယ်။ ဒါမှသာ ယဉ်ကျေးတဲ့ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ အဲ့လို ဖြစ်ဖို့ဆို ဒီအချက်တွေကို နားလည်လိုက်နာဖို့ လိုအပ်ပါတယ်။

(၁) မဆဲဆိုပါနဲ့။
မြန်မာဝေါဟာရက အင်မတန် ကျယ်ပြန့်ပါတယ်။ အပျော်သဘောအနေနဲ့ ဆဲတာ၊ စကားသက်သက် ဆဲတာတွေလည်း ရှိပါတယ်။ အဲ့လို ဆဲတာမျိုးကို မဆိုလိုပါဘူး။ တစ်ယောက်ကို တစ်ယောက် ဒေါသတကြီး ဆဲဆိုတာမျိုးကို ဆိုလိုတာပါ။ နှစ်ယောက် ရန်ဖြစ်ရင် ရန်ဖြစ်တဲ့ အကြောင်းအရာကိုပဲ ပြောဆိုသင့်ပါတယ်။ အဲ့လို မဟုတ်ပဲ ဆဲဆိုတာမျိုး လုပ်လိုက်တာက တစ်ဖက်တစ်ဖက် တန်ဖိုးထားမှု မရှိကြောင်း ပြုမူလိုက်သလို ဖြစ်ပါမှာ။


(၂) လက် မပါ ပါနဲ့။


ဘယ်လောက်ပဲ စိတ်ဆိုးကြပါစေ။ လက်မပါဖို့ လိုအပ်ပါတယ်။ လက်ပါတာက ကြမ်းတမ်းတဲ့ အပြုအမူမျိုး ဖြစ်ပါတယ်။ ချစ်တဲ့သူဆိုတာမျိုးက ကိုယ်ချစ်တဲ့သူကို အသားမနာစေလိုပါဘူး။ ဒေါသကြောင့် လက်ပါမိရင် သင့်ချစ်သူစိတ်ထဲ သင့်အပေါ် စိတ်ခုတာ သင့်ကိုစိတ်နာသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို လက်ပါတာကို မလိုချင်ကြပါဘူး။

(၃) Privacy ကို နားလည်ပါ။
သူ့ရဲ့ အရာရာတိုင်းရဲ့ လျှို့ဝှက်နံပါတ်တွေ၊ သူ့အကြောင်းတွေကို သင် သိထားစရာ မလိုအပ်ပါဘူး။ လူတိုင်းမှာ သူ့လွတ်လပ်ခွင့်နဲ့ သူ ရှိပါတယ်။ ဇနီး ဖြစ်နေလို့၊ ခင်ပွန်းဖြစ်နေလို့ဆိုပြီး သူလုပ်သမျှကို တစ်ခုမကျန် လိုက်ထိန်းချုပ်စရာ မလိုအပ်ပါဘူး။သင်တို့က လင်မယားတွေ ချစ်သူတွေ ဖြစ်ပါတယ်။ ရဲနဲ့ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ ဒါက အခြေခံ သိနားလည်ထားရမယ့် လူ့ကျင့်ဝတ်ပဲ ဖြစ်ပါတယ်။


(၄) အတင်းအကြပ် မခိုင်းစေပါနဲ့။
သင်တို့က သက်ဆိုင်တယ်ဆိုတိုင်း သင်လုပ်စေချင်တာ အားလုံး လုပ်ရမယ်လို့ မဆိုလိုပါဘူး။ သူဆန္ဒရှိမှသာ လုပ်သင့်တာပါ။ ဒါကို သင့်ကို မချစ်လို့တို့ သင့်ကို ချစ်ရင် လုပ်ကို လုပ်ရမယ်တို့ အတင်းအကြပ်စေခိုင်းတာက ချစ်သူတွေမှာ ရှိသင့်တဲ့အချက်မဟုတ်ပါဘူး။ အတင်းအကြပ်စေခိုင်းခံရတာ ခိုင်းသမျှ လုပ်ရတာက ကျွန်စနစ်မှာပဲ ရှိတာပါ။

(၅) ပစ်ပယ်တာမျိုး မလုပ်ပါနဲ့။
တစ်ယောက်ကို တစ်ယောက် လွတ်လပ်ခွင့် ပေးရမယ်ဆိုတိုင်း သင်က ရည်းစားမရှိတဲ့သူလို အိမ်ထောင်မရှိတဲ့သူလို နေလို့တော့ မရပါဘူး။ လူတိုင်း လူတိုင်း တစ်ယောက်နဲ့ တစ်ယောက် ပတ်သတ်တဲ့အခါ အသိအမှတ်ပြုမှု ပေးဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းအလျောက်၊ မိဘအလျောက်၊ ချစ်သူအလျောက် အသိအမှတ်ပြုရမှာ ဖြစ်သလို အချိန်ပေးရမှာ ဖြစ်ပါတယ်။


Credit: Aunty may 


Previous
Next Post »
Powered by Blogger.