ပုိပုိနဲ႔ခ်စ္သူေတြဆိုတာနဲ႔ပတ္သက္ျပီး ေျပာျပလာတဲ့ ခ်ယ္ရီသင္း





Zawgyiျဖင့္ဖတ္ရန္

ခ်ယ္ရီသင္းဟာ ပရိသတ္အားေပးမႈရရွိထားတဲ့အဆိုေတာ္တစ္ဦးျဖစ္ျပီးပိုပုိကေတာ့ လြန္ခဲ့တဲ့နွစ္ေတြအၾကာကတည္းက ပရိသတ္ရင္ထဲေရာက္ေနတဲ့ နာမည္ၾကီးအဆိုေတာ္တစ္ဦးပါ။ ပိုပိုနဲ႔ခ်ယ္ရီသင္္းဟာ အခုတေလာ တတြဲတြဲလုပ္ေနျပီး ေဖ်ာ္ေျဖပြဲေတြမွာလည္းအျမဲတမ္း အတူတူေတြ႕ေနရတာ ပရိသတ္ေတြသတိထားမိၾကမွာပါ။ သူတို႔နွစ္ဦးဟာ တစ္ေယာက္နဲ႔တစ္္ေယာက္အရမ္းေတြဂရုစိုက္ၾကသလို ခ်စ္စရာလည္းေကာင္းၾကတာေၾကာင့္ ပရိသတ္ေတြရဲ႕ သို႔ေလာသုိ႔ေလာထင္ျမင္ယူဆမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

့မၾကာေသးမီကေတာ့ ပိုပိုက သူတို႔နွစ္ဦး ခ်စ္သူသက္တမ္းတစ္လျပည့္ဆိုတဲ့ ပို႔စ္ေလးတင္ခဲ့သလို အင္တာဗ်ဴးေတြမွာလည္း “ပုိပိုတို႔ၾကိဳက္တာ တစ္လျပည့္ပါ။ အန္နီဗာစရီေလ ေမးၾကည့္ေလ သူ႔ကုိ။ သူက ၂၄ နွစ္မျပည့္ေသးဘူး ပိုပိုက ၃၀ ျပည့္ေတာ့မွာဆိုေတာ့ ငါးနွစ္ငယ္တယ္္။တူတူအိပ္ၾကတာ ပိုပိုတို႔နွစ္ေယာက္”လို႔ေျဖၾကားခဲ့ျပီးခ်ယ္ရီသင္းကလည္းပုိပုိ႔ေဘးမွာ ကေလးေလးလိုရွက္ေနတာေတြ႕ရပါတယ္။



အဲဒီျဖစ္ရပ္က ပရိသတ္ေတာ္ေတာ္မ်ားမ်ားကုိအံ့ၾသေစခဲ့သလို သူတို႔ကုိသေဘာတူတဲ့ပရိသတ္ေတြရဲ႕ comment ေတြလည္းရခဲ့ျပီးေဝဖန္သူေတြလည္းရွိခဲဲ့ပါတယ္။ အဲဒီကိစၥကုိပုိပိုက သူမရဲ႕ လူမႈကြန္ယက္မွာ သူမက ေယာက္်ားအစစ္ေတြကုိပဲၾကိဳက္တာပါလို႔ ရွင္းတဲ့ ပို႔စ္ေလးတင္ခဲ့သလုိ အခုလည္း ခ်ယ္ရီသင္းက သူမရဲ႕ လူမႈကြန္ယက္မွာ ျပန္္လည္ေျဖရွင္းလာပါျပီ။



ခ်ယ္ရီသင္းကေတာ့ သူမတို႔နွစ္ဦးရဲ႕ interview ကုိ share ျပီး “တစ္လမကေတာ့ဘူးရယ္ ဟဟ ကုိယ့္မ်က္နွာမွာလည္း မွင္ေတြေပ၊ စေနၾကတာကုိ”ဆိုတဲ့စာေလးနဲ႔ ေျဖရွင္းထားခဲ့တာပါ။ ပရိသတ္ေတြကေတာ့ ပုိပိုတုိ႔နွစ္ဦးကို ခ်စ္သူေတြမဟုတ္ရင္လည္း ညီအစ္မသူငယ္ခ်င္းေတြအျဖစ္နဲ႔အျမဲတမ္းအတူတူျမင္ခ်င္ေၾကာင္း comment ေလးေတြေပးထားတာလည္းေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပိုပိုနဲ႔ခ်ယ္ရီသင္း တကယ့္ခ်စ္သူေတြဆိုရင္သေဘာတူၾကမွာလား။သူတို႔နွစ္ေယာက္ကုိေရာအားေပးၾကလား။ သီခ်င္းေတြအတူတူဆိုျပီး အနုပညာေတြအတူတူလုပ္တာျမင္ခ်င္ၾကလား။ေျပာခဲ့ၾကပါဦး။

Unicode ဖြင့်ဖတ်ရန်


ချယ်ရီသင်းဟာ ပရိသတ်အားပေးမှုရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပြီးပိုပိုကတော့ လွန်ခဲ့တဲ့နှစ်တွေအကြာကတည်းက ပရိသတ်ရင်ထဲရောက်နေတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပါ။ ပိုပိုနဲ့ချယ်ရီသင်းဟာ အခုတလော တတွဲတွဲလုပ်နေပြီး ဖျော်ဖြေပွဲတွေမှာလည်းအမြဲတမ်း အတူတူတွေ့နေရတာ ပရိသတ်တွေသတိထားမိကြမှာပါ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းတွေဂရုစိုက်ကြသလို ချစ်စရာလည်းကောင်းကြတာကြောင့် ပရိသတ်တွေရဲ့ သို့လောသို့လောထင်မြင်ယူဆမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

့မကြာသေးမီကတော့ ပိုပိုက သူတို့နှစ်ဦး ချစ်သူသက်တမ်းတစ်လပြည့်ဆိုတဲ့ ပို့စ်လေးတင်ခဲ့သလို အင်တာဗျူးတွေမှာလည်း “ပိုပိုတို့ကြိုက်တာ တစ်လပြည့်ပါ။ အန်နီဗာစရီလေ မေးကြည့်လေ သူ့ကို။ သူက ၂၄ နှစ်မပြည့်သေးဘူး ပိုပိုက ၃၀ ပြည့်တော့မှာဆိုတော့ ငါးနှစ်ငယ်တယ်။တူတူအိပ်ကြတာ ပိုပိုတို့နှစ်ယောက်”လို့ဖြေကြားခဲ့ပြီးချယ်ရီသင်းကလည်းပိုပို့ဘေးမှာ ကလေးလေးလိုရှက်နေတာတွေ့ရပါတယ်။

အဲဒီဖြစ်ရပ်က ပရိသတ်တော်တော်များများကိုအံ့သြစေခဲ့သလို သူတို့ကိုသဘောတူတဲ့ပရိသတ်တွေရဲ့ comment တွေလည်းရခဲ့ပြီးဝေဖန်သူတွေလည်းရှိခဲ့ပါတယ်။ အဲဒီကိစ္စကိုပိုပိုက သူမရဲ့ လူမှုကွန်ယက်မှာ သူမက ယောက်ျားအစစ်တွေကိုပဲကြိုက်တာပါလို့ ရှင်းတဲ့ ပို့စ်လေးတင်ခဲ့သလို အခုလည်း ချယ်ရီသင်းက သူမရဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဖြေရှင်းလာပါပြီ။

ချယ်ရီသင်းကတော့ သူမတို့နှစ်ဦးရဲ့ interview ကို share ပြီး “တစ်လမကတော့ဘူးရယ် ဟဟ ကိုယ့်မျက်နှာမှာလည်း မှင်တွေပေ၊ စနေကြတာကို”ဆိုတဲ့စာလေးနဲ့ ဖြေရှင်းထားခဲ့တာပါ။ ပရိသတ်တွေကတော့ ပိုပိုတို့နှစ်ဦးကို ချစ်သူတွေမဟုတ်ရင်လည်း ညီအစ်မသူငယ်ချင်းတွေအဖြစ်နဲ့အမြဲတမ်းအတူတူမြင်ချင်ကြောင်း comment လေးတွေပေးထားတာလည်းတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုပိုနဲ့ချယ်ရီသင်း တကယ့်ချစ်သူတွေဆိုရင်သဘောတူကြမှာလား။သူတို့နှစ်ယောက်ကိုရောအားပေးကြလား။ သီချင်းတွေအတူတူဆိုပြီး အနုပညာတွေအတူတူလုပ်တာမြင်ချင်ကြလား။ပြောခဲ့ကြပါဦး။


Credit:  Yangon News 

Previous
Next Post »
Powered by Blogger.