



Zawgyi ဖြင့်ဖတ်ရန်

နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီက အနုပညာပျိုးခင်းမှတဆင့် သရုပ်ဆောင်ဖြစ်လာပြီး အခုဆိုရင် တစ်နိုင်ငံလုံး လျှမ်းလျှမ်းတောက် ကျော်ကြားနေသူဖြစ်ပါတယ်။
















Source : Momolay


Unicode ဖြင့်ဖတ်ရန်

ONLINE SHOP တစ်ခုကနေ အချီကြီးအလိမ်ခံရလုနီးနီးဖြစ်ခဲ့တဲ့ ရွှေမှုံရတီ

နိူင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီက အနုပညာပျိုးခင်းမှတဆင့် သရုပ်ဆောင်ဖြစ်လာပြီး အခုဆိုရင် တစ်နိုင်ငံလုံး လျှမ်းလျှမ်းတောက် ကျော်ကြားနေသူဖြစ်ပါတယ်။

ရွှေမှုံရတီက သူမ အအောင်မြင်ဆုံး အချိန်မှာ အိမ်ထောင်ပြုခဲ့ပေမယ့် သူမရဲ့ အောင်မြင်မှု အရှိန်အဟုန်တွေကတော့ ရပ်တံ့မသွားတာကို တွေ့ရပါတယ်။



ဒီနေ့မှာတော့ ရွှေမှုံရတီက သူမချစ်ရတဲ့ ပရိသတ်တွေ သတိထား၊ ဂရုပြုနိုင်ဖို့ အိမ်ထောင်ပရိဘောဂတွေရောင်းချတဲ့ Online Shop တစ်ခုကနေ အလိမ်ခံရတော့မလိုဖြစ်ခဲ့တဲ့ သူမရဲ့ အဖြစ်လေးကို မျှဝေထားပါတယ်။

ထို Online Shop က တန်ဖိုးကြီး အိမ်ထောင်မှုပစ္စည်းတွေကို ငွေကြိုလွှဲခိုင်းပြီး ပစ္စည်းပို့ဖို့ အချိန်ကို လပေါင်းများစွာ စောင့်ဆိုင်းခိုင်းထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီလည်း ပစ္စည်းမှာပြီး (၃) လလောက်ထိ စောင့်ဆိုင်းခိုင်းထားတယ်ဆိုပါတယ်။



ရွှေမှုံရတီက “ကိုယ်လည်းပါတော့မလို့ သတိထားပါ။ သဲကိုတော့ ပိုက်ဆံပြန်ပေးရှာတယ်။ ကွိုင်အသေရှာပေးလိုက်တယ်” ဆိုပြီး သူမ ပရိသတ်တွေ အလိမ်မခံရအောင် အခုလို စေတနာနဲ့ မျှဝေပေးထားတာ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ အချီကြီး လိမ်နေတဲ့ Online Shop အကြောင်းကို အခုလိုပဲ မျှဝေထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မှ ကျေးဇူးအထူးတင်ရှိပါတယ်။



Source : Momolay


Previous
Next Post »
Powered by Blogger.