သရဲ ေျခာက္ၾကမ္းတဲ့ ေနျပည္ေတာ္၊ ခ်ဳိင္းေက်းရြာက ဆက္သြယ္ေရးတာဝါတုိင္ႀကီး


Zawgyiျဖင့္ဖတ္ရန္
သရဲအေျခာက္ၾကမ္းလွတဲ့ ခ်ိဳင္းေက်း႐ြာေတာင္ဘက္ ေတာင္ကုန္းေပၚက ဆက္သြယ္ေရးတာဝါတိုင္ပါ။
ယခုအခါထိုဆက္သြယ္ေရးတာဝါတိုင္ကို မည္သူမွညအိပ္ေစာင့္ေလွ်ာက္အိပ္မည့္သူမရွိဟု သိရပါသည္။ ယခင္ ညေစာင့္မ်ားဟာ တစ္ေယာက္ထဲမအိပ္ဝင့္ၾက၍ ႏွစ္ေယာက္အိပ္ေစာင့္ခဲ့ရသည္။
သရဲသည္ ညနက္အခ်ိန္မ်ားတြင္ အနံဆိုးအပုတ္ဆိုးမ်ားေပးျခင္း/ ေခြးနက္ႀကီးမ်ားေယာင္ေဆာင္ၿပီး ကိုက္မည့္ ဟန္ေဆာင္ျခင္း/ စက္ခန္းအတြင္းမွအသံဆိုးႀကီးမ်ားျဖင့္ ေျခာက္လွန႔္ျခင္း ထြက္သြား/မအိပ္နဲ႔ေျပာျခင္း/ လူမ်ားက ဘုရားစာဆိုျခင္း ပရိတ္႐ြတ္ဆိုျခင္းမ်ားကိုလည္း ျပန္လည္႐ြတ္ဆိုျခင္း အမ်ိဳးမ်ိဳးေသာအသံဆိုးႀကီးမ်ားျဖင့္ မအိပ္ဝင့္ ေအာင္ေျခာက္လွန႔္ေနသည္ဟု ၾကားသိရေပသည္။ ယခင္က ညေစာင့္တစ္ေယာက္ကိုေငြ(60000)ေျခာက္ေသာင္း က်ပ္ေပးရသည္။
ယခုအခါမွာ ညေစာင့္အိပ္ခကို ေငြ (150000) တသိန္းငါးေသာင္းက်ပ္ေပးေသာ္လည္း မည္သူတစ္ဦးတစ္ေယာက္မွ် အိပ္ေစာင့္ဝင့္သူမရွိသည္ဟု ၾကားသိရေပသည္။ ထိုသတင္းေၾကာင့္ ညေစာင့္အိပ္ဝင့္သူမ်ားကို ေလွ်ာက္လႊာေခၚလို ပါသည္။ အလုပ္ေလွ်ာက္ထားလိုသူမ်ား သရဲမေၾကာက္သူမ်ား ေ႐ႊခ်ိဳင္း႐ြာသို႔ သြားေရာက္ေလွ်ာက္ထားႏိုင္ပါသည္။
Unicodeဖြင့်ဖတ်ရန်

သရဲ ခြောက်ကြမ်းတဲ့ နေပြည်တော်၊ ချိုင်းကျေးရွာက ဆက်သွယ်ရေးတာဝါတိုင်ကြီး

သရဲအခြောက်ကြမ်းလှတဲ့ ချိုင်းကျေးရွာတောင်ဘက် တောင်ကုန်းပေါ်က ဆက်သွယ်ရေးတာဝါတိုင်ပါ။
ယခုအခါထိုဆက်သွယ်ရေးတာဝါတိုင်ကို မည်သူမှညအိပ်စောင့်လျှောက်အိပ်မည့်သူမရှိဟု သိရပါသည်။ ယခင် ညစောင့်များဟာ တစ်ယောက်ထဲမအိပ်ဝင့်ကြ၍ နှစ်ယောက်အိပ်စောင့်ခဲ့ရသည်။
သရဲသည် ညနက်အချိန်များတွင် အနံဆိုးအပုတ်ဆိုးများပေးခြင်း/ ခွေးနက်ကြီးများယောင်ဆောင်ပြီး ကိုက်မည့် ဟန်ဆောင်ခြင်း/ စက်ခန်းအတွင်းမှအသံဆိုးကြီးများဖြင့် ခြောက်လှန့်ခြင်း ထွက်သွား/မအိပ်နဲ့ပြောခြင်း/ လူများက ဘုရားစာဆိုခြင်း ပရိတ်ရွတ်ဆိုခြင်းများကိုလည်း ပြန်လည်ရွတ်ဆိုခြင်း အမျိုးမျိုးသောအသံဆိုးကြီးများဖြင့် မအိပ်ဝင့် အောင်ခြောက်လှန့်နေသည်ဟု ကြားသိရပေသည်။ ယခင်က ညစောင့်တစ်ယောက်ကိုငွေ(60000)ခြောက်သောင်း ကျပ်ပေးရသည်။
ယခုအခါမှာ ညစောင့်အိပ်ခကို ငွေ (150000) တသိန်းငါးသောင်းကျပ်ပေးသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အိပ်စောင့်ဝင့်သူမရှိသည်ဟု ကြားသိရပေသည်။ ထိုသတင်းကြောင့် ညစောင့်အိပ်ဝင့်သူများကို လျှောက်လွှာခေါ်လို ပါသည်။ အလုပ်လျှောက်ထားလိုသူများ သရဲမကြောက်သူများ ရွှေချိုင်းရွာသို့ သွားရောက်လျှောက်ထားနိုင်ပါသည်။
Credit – သုတကျော်
အျပည့္အစုံသို႔

ေျခညႇိဳးက ေျခမထက္ရွည္ေနတဲ့ သူမွာသာရွိတဲ့ စိတ္ေနစိတ္ထားမ်ား


Zawgyiျဖင့္ဖတ္ရန္

ေျခညႇိဳးက ေျခမထက္ရွည္ေနတဲ့ သူဟာ
၁။ အခ်စ္ႀကီးတယ္ အစြဲအလမ္းႀကီး ခံစားလြယ္တယ္။
၂။ အၿငိဳးႀကီးတယ္ ရန္ၿငိဳးထားတတ္တယ္။
၃။ ခ်စ္သူကိုဦးစားေပးတယ္ ခ်စ္သူကိုလည္း အႏိူင္ယူတယ္။
၄။ ခ်စ္ၿပီဆို ဘယ္လိုတားတား ဇြတ္ခ်စ္တယ္ မုန္းၿပီးဆို လုံးဝလွည့္မၾကည့္ဘူး။
၅။ စကားေျပာတည္တယ္ ခင္သြားရင္ ေပါေတာေတာလုပ္တတ္တယ္။
၆။ အိမ္မွာ ဘုရင္ အေပါင္းအသင္းၾကား သူမပါမၿပီး။
၇။ သူမ်ားအားမကိုးတတ္ဘူး အကူအညီယူၿပီးရင္လည္း ေက်းဇူးဆပ္ဖို႔မေမ့တတ္ဘူး။
၈။ လူခ်စ္လူခင္ေပါသလို မနာလိုသူလည္း ေပါမ်ားတယ္။
၉။ ရည္႐ြယ္ခ်က္ႀကီးတယ္ လုပ္ခ်င္တာကို ႀကိဳးစားလုပ္တတ္တယ္။
၁၀။ ေပးကမ္းလိုစိတ္ရွိတယ္။ မရွိ ရွိတာ လႉ ဒါန္းတတ္တယ္။
Credit:loveshop

Unicodeဖြင့်ဖတ်ရန်

ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူမှာသာရှိတဲ့ စိတ်နေစိတ်ထားများ

ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူဟာ
၁။ အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။
၂။ အငြိုးကြီးတယ် ရန်ငြိုးထားတတ်တယ်။
၃။ ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိူင်ယူတယ်။
၄။ ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။
၅။ စကားပြောတည်တယ် ခင်သွားရင် ပေါတောတောလုပ်တတ်တယ်။
၆။ အိမ်မှာ ဘုရင် အပေါင်းအသင်းကြား သူမပါမပြီး။
၇။ သူများအားမကိုးတတ်ဘူး အကူအညီယူပြီးရင်လည်း ကျေးဇူးဆပ်ဖို့မမေ့တတ်ဘူး။
၈။ လူချစ်လူခင်ပေါသလို မနာလိုသူလည်း ပေါများတယ်။
၉။ ရည်ရွယ်ချက်ကြီးတယ် လုပ်ချင်တာကို ကြိုးစားလုပ်တတ်တယ်။
၁၀။ ပေးကမ်းလိုစိတ်ရှိတယ်။ မရှိ ရှိတာ လှူ ဒါန်းတတ်တယ်။
Credit:loveshop
အျပည့္အစုံသို႔

ခ်စ္သူကို လက္ထပ္ႏိုင္ဖို႔ တျပိဳင္တည္း အလုပ္ (၄) ခု လုပ္ျပီး ၾကိဳးစားေနတဲ့ အမ်ိဳးသား


Zawgyiျဖင့္ဖတ္ရန္

အခ်စ္အတြက္ဆို ဘာမဆို လုပ္မယ့္ လူတစ္ခ်ိဳ႕ရွိတယ္ဆိုတာကို ဒီ အမ်ိဳးသားကို ေတြ႔မွ ယံုၾကည္သြားပါတယ္။ သိပ္ခ်စ္တတ္တဲ့ သူလိုလူကို ပိုင္ဆိုင္ရတဲ့ အမ်ိဳးသမီးကေတာ့ သိပ္ကံေကာင္းပါတယ္။

ဘ၀မွာ ခ်စ္ရတဲ့သူကို လက္ထပ္ယူႏိုင္ဖို႔နဲ႔ တင့္ေတာင္းတင့္တယ္ ထားႏိုင္ဖို႔ အလုပ္ (၄) ခု ေတာင္ လုပ္ေနတာပါ။ ဒီအေၾကာင္းကို သူကိုယ္တိုင္ တြစ္တာေပၚတင္ခဲ့ပါတယ္။ ဒါကို ျပန္ရွဲတာ အၾကိမ္ (၂၁,၀၀၀) ေက်ာ္ရွိျပီး ေတာ္ေတာ္ေလးပ်ံ႕ႏွံ႔သြားခဲ့တာပါ။

သူရဲ႕ ပိုစ့္အရ မနက္ကေန ညေနအထိ အစားအေသာက္ေတြ လိုက္ပို႔တယ္။ ညေနကေန ညအထိ ဖုန္းေတြကို ျပင္တယ္။ ဒါ့အျပင္ ဒီပညာကို စိတ္၀င္စားတဲ့ သူေတြကိုလည္း ျပန္ျပီး သင္ေပးတယ္။

ျပီးသြားရင္ pasar malm ကို သြားျပီး “Air KoKo” ဆိုတဲ့ ေကာ္ဖီဗူးေတြ ယူတယ္။ အဲ့ဒီ့ေနာက္ Jalan Ikan Mas Cheras မွာ ၾကာသပေတးေန႔ဆို သြားေရာင္းတယ္။

ေနာက္ဆံုးတစ္ခုကေတာ့ စေနေန႔တိုင္း Jalan Tunku Abdul Rahman မွာရွိတဲ့ မိသားစုဖြင့္ထားတဲ့ အက်ႌဆိုင္မွာ ေရာင္းကူတယ္။

ေနာက္တစ္ခု… အင္စတာဂရမ္ေပၚမွာ အိုင္ဖုန္းေတြ ျပဳျပင္တာ၊ ေအာ္ရီဂ်နယ္ ပစၥည္းေတြနဲ႔ ဆားဗစ္ေတြေပးေနတဲ့ Pakcik Gadget ဆိုတဲ့ အေကာင့္ကလည္း သူပါပဲ။ အံဖြယ္ အမ်ိဳးသားပါတကား…

အခုလို သူအလုပ္ေတြ အေၾကာင္းေဖာ္ျပရတာေတာင္ ေမာတာ သူဆို ဘယ္ေလာက္ ပင္ပန္းမလဲ ေတြးၾကည့္စရာေတာင္မလိုပါဘူး။ ဒီၾကားထဲ ခ်စ္သူနဲ႔ ေတြ႔ဖို႔လည္း အခ်ိန္ကလည္း ရွိျပီးသား။ ပညာေတြ သင္ခ်င္ေနပါျပီ။ ဒီလို တကယ္ထူးျခားတဲ့ ေယာက်ာၤးမ်ိဳး၊ အခ်စ္အတြက္ ရည္ရြယ္ခ်က္အျပည့္ရွိတဲ့ သူမ်ိဳးေတြ အမ်ားၾကီး ရွိေစခ်င္ပါတယ္။

Source: World of Buzz

Matthew

Credit:(ပိုပိုေလး)

Unicodeဖြင့်ဖတ်ရန်

ချစ်သူကို လက်ထပ်နိုင်ဖို့ တပြိုင်တည်း အလုပ် (၄) ခု လုပ်ပြီး ကြိုးစားနေတဲ့ အမျိုးသား

အချစ်အတွက်ဆို ဘာမဆို လုပ်မယ့် လူတစ်ချို့ရှိတယ်ဆိုတာကို ဒီ အမျိုးသားကို တွေ့မှ ယုံကြည်သွားပါတယ်။ သိပ်ချစ်တတ်တဲ့ သူလိုလူကို ပိုင်ဆိုင်ရတဲ့ အမျိုးသမီးကတော့ သိပ်ကံကောင်းပါတယ်။

ဘဝမှာ ချစ်ရတဲ့သူကို လက်ထပ်ယူနိုင်ဖို့နဲ့ တင့်တောင်းတင့်တယ် ထားနိုင်ဖို့ အလုပ် (၄) ခု တောင် လုပ်နေတာပါ။ ဒီအကြောင်းကို သူကိုယ်တိုင် တွစ်တာပေါ်တင်ခဲ့ပါတယ်။ ဒါကို ပြန်ရှဲတာ အကြိမ် (၂၁,၀၀၀) ကျော်ရှိပြီး တော်တော်လေးပျံ့နှံ့သွားခဲ့တာပါ။

သူရဲ့ ပိုစ့်အရ မနက်ကနေ ညနေအထိ အစားအသောက်တွေ လိုက်ပို့တယ်။ ညနေကနေ ညအထိ ဖုန်းတွေကို ပြင်တယ်။ ဒါ့အပြင် ဒီပညာကို စိတ်ဝင်စားတဲ့ သူတွေကိုလည်း ပြန်ပြီး သင်ပေးတယ်။

ပြီးသွားရင် pasar malm ကို သွားပြီး “Air KoKo” ဆိုတဲ့ ကော်ဖီဗူးတွေ ယူတယ်။ အဲ့ဒီ့နောက် Jalan Ikan Mas Cheras မှာ ကြာသပတေးနေ့ဆို သွားရောင်းတယ်။

နောက်ဆုံးတစ်ခုကတော့ စနေနေ့တိုင်း Jalan Tunku Abdul Rahman မှာရှိတဲ့ မိသားစုဖွင့်ထားတဲ့ အင်္ကျီဆိုင်မှာ ရောင်းကူတယ်။

နောက်တစ်ခု… အင်စတာဂရမ်ပေါ်မှာ အိုင်ဖုန်းတွေ ပြုပြင်တာ၊ အော်ရီဂျနယ် ပစ္စည်းတွေနဲ့ ဆားဗစ်တွေပေးနေတဲ့ Pakcik Gadget ဆိုတဲ့ အကောင့်ကလည်း သူပါပဲ။ အံဖွယ် အမျိုးသားပါတကား…

အခုလို သူအလုပ်တွေ အကြောင်းဖော်ပြရတာတောင် မောတာ သူဆို ဘယ်လောက် ပင်ပန်းမလဲ တွေးကြည့်စရာတောင်မလိုပါဘူး။ ဒီကြားထဲ ချစ်သူနဲ့ တွေ့ဖို့လည်း အချိန်ကလည်း ရှိပြီးသား။ ပညာတွေ သင်ချင်နေပါပြီ။ ဒီလို တကယ်ထူးခြားတဲ့ ယောကျာၤးမျိုး၊ အချစ်အတွက် ရည်ရွယ်ချက်အပြည့်ရှိတဲ့ သူမျိုးတွေ အများကြီး ရှိစေချင်ပါတယ်။

Source: World of Buzz

Matthew

Credit:(ပိုပိုလေး)
အျပည့္အစုံသို႔

အဘဆရာႀကီးမင္းသိခၤေျပာျပခဲ့တဲ့ ဂဏန္းေဗဒင္

Zawgyiျဖင့္ဖတ္ရန္

မူလ(၁)ဂဏန္းသမားအေၾကာင္း
_________________
မူလဂဏန္း (၁) ရတဲ့ လူဟာ အသားအရည္က ျဖဴဖတ္ျဖဴေရာ္ ရွိတတ္ တယ္ကြ။ ဒါေပမယ့္ ကိုယ္လုံး ကိုယ္ေပါက္က ႀကံ့ခိုင္တဲ့ လကၡဏာ ရွိတယ္ကြ။ ဆံပင္တို႔ ဘာတို႔ကေတာ့ အမ်ားအားျဖင့္ အမည္းေရာင္ ျဖစ္ေလ့ ရွိတယ္။ ၿပီးေတာ့ လူအမ်ားစုနဲ႔ မေနဘဲ တစ္ကိုယ္ေရတစ္ကာယ ေနတတ္တယ္ကြ။
ေနာက္တစ္ခုကေတာ့ (၁)ဂဏန္းသမားဟာ လူေတြကို မယုံဘူး။ အၿမဲတမ္း သံသယ ရွိေနတတ္တယ္။ ေတာ္ေတာ္မ်ားမ်ား (၁)ဂဏန္းသမားေတြက အာဏာျပတာတို႔ အမိန႔္ေပးတာတို႔ လုပ္ေလ့ရွိတယ္။ ၿပီးေတာ့ အသစ္အဆန္းကို ဖန္တီး လုပ္ေဆာင္တတ္တဲ့ ဥဥ္လဲရွိတယ္။
အဂၤလိပ္လ ဘယ္လမွာပဲ ေမြးေမြး ၁-ရက္ ၁၀-ရက္ ၁၉-ရက္ ၂၈-ရက္ေတြမွာ ေမြးရင္ ဂဏန္းေဗဒင္ သေဘာအရ ၁-ဂဏန္းသမားလို႔ ေျပာရမွာပဲ။ ၁- ဂဏန္းသမားဟာ ဘာပဲျဖစ္ျဖစ္ ရည္႐ြယ္ခ်က္ေတာ့ ႀကီးတတ္တယ္ကြ။ ဘယ္လို အသက္ေမြး ဝမ္းေၾကာင္းအလုပ္ကိုပဲ လုပ္လုပ္ ၁-ဂဏန္းသမားဟာ တျဖည္းျဖည္းနဲ႔ အျမင့္ကို ေရာက္သြားတတ္တယ္။ ၿပီးေတာ့ ၁-ဂဏန္းသမားအတြက္ အေဆာင္ဟာ ေ႐ႊပဲကြ။
ေ႐ႊကို ေဆာင္ထားရင္ ကံေကာင္းတယ္လို႔ ေရွးက ဆရာေတြက ယုံၾကည္ၾကတယ္။
အေရာင္ဆိုရင္ေတာ့ အဝါေရာင္တို႔ ၊ ေ႐ႊေရာင္ေတြဟာ ၁-ဂဏန္းသမားနဲ႔ သင့္ျမတ္တယ္။ ၿပီးေတာ့ ေက်ာက္မ်က္ ရတနာထဲက ဆိုရင္ေတာ့ ပယင္းတို႔ ဥႆဖယားတို႔ စိန္တို႔ဟာ ၁-ဂဏန္းသမား ေဆာင္သင့္တဲ့ ေက်ာက္မ်က္ရတနာပဲ။
ၿပီးေတာ့ အေရးႀကီးတဲ့ ၁-ဂဏန္းသမားအေနနဲ႔ အေရးႀကီးတဲ့အလုပ္ေတြ လုပ္ရင္ ဘယ္လမွာပဲ ျဖစ္ျဖစ္ (၁) (၂) (၄) (၇) (၁၀) (၁၁) (၁၃) (၁၆) (၁၉) (၂၀) (၂၂) (၂၅) (၂၈) (၂၉) (၃၁) ရက္ေတြဟာ သင့္ျမတ္တဲ့ ရက္ေတြပဲကြ။
ၿပီးေတာ့ ၁-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါေတြဟာ ႏွလုံးေသြးလႊတ္ေၾကာ ႏွင့္ ပါတ္သက္ေသာေရာဂါ ၊ ေသြးေလ မမွန္တဲ့ေရာဂါေတြ ျဖစ္တတ္တယ္ကြ။
၁-ဂဏန္းသမားအတြက္ အေကာင္းဆုံး ေဆးကေတာ့ ပ်ားရည္ပဲေဟ့။ ပ်ားရည္ကို စားပြဲ ဇြန္းႀကီးနဲ႔ ညအိပ္ယာဝင္ တစ္ဇြန္း တစ္ဇြန္း ေသာက္သင့္တယ္ကြ….
ဒါကေတာ့ အဘမင္းသိခၤ ေျပာျပတဲ့ (၁)ဂဏန္းသမား အေၾကာင္းပါ။
မူလဂဏန္းဆိုတာ ေမြးရက္ဂဏန္းကိုေခၚတာ။
၃-ရက္ေန႔ဖြားဆိုရင္ ၃-ဂဏန္းသမားေပါ့။ ၅-ရက္ေန႔ဖြားဆိုရင္ ၅-ဂဏန္းသမားေပါ့။
ႏွလုံးဆိုရင္ေတာ့ တစ္လုံးထဲရေအာင္ ေပါင္းရမယ္။ ဥပမာ ၁၂-ရက္ေန႔ ဆိုရင္ ၁-ႏွင့္ ၂ ေပါင္းေတာ့ ၃-ရတယ္။ အဲဒီေတာ့ ၃-ဂဏန္း သမားေပါ့။
===============================
မူလ(၂)ဂဏန္းသမားအေၾကာင္း
____________________
ဒီလိုရွိတယ္ကြ…။ အဂၤလိပ္လရဲ႕ ဘယ္လမွာပဲ ျဖစ္ျဖစ္ ၂-ရက္၊ ၁၁-ရက္၊ ၂၀-ရက္ ၊ ၂၉-ရက္ေတြမွာ ေမြးတဲ့ လူေတြကို ဂဏန္းေဗဒင္ ပညာအရ ၂- ဂဏန္းသမားလို႔ ေခၚရမွာပဲ။ ဒီလူေတြဟာ အႏုပညာဘက္မွာ ခြၽန္တတ္တယ္။ စိတ္ေနစိတ္ထား သိမ္ေမြ႕တတ္တယ္။ အေတြးအေခၚ စိတ္ကူး ေကာင္းတတ္တယ္။
ဒါေပမယ့္ သူတို႔ စိတ္ကူးကို အေကာင္အထည္ ေဖာ္ဖို႔ေတာ့ ေႏွာင့္ေႏွးတတ္တယ္။ ခရီးသြား ရတဲ့ အလုပ္ေတြမွာလည္း ေအာင္ျမင္ တတ္တယ္။ ခရီးေတာင္မွ ေရလမ္းခရီးနဲ႔ ကုန္းလမ္းခရီး မတူဘူး။ ေရလမ္းခရီးကို ပိုၿပီး ႏွစ္သက္တတ္တယ္။ သူတို႔ ႐ုပ္ရည္နဲ႔ ပတ္သက္လို႔ သိသာတာက မ်က္ႏွာဝိုင္းၿပီး မ်က္ခုံး မ်က္လုံး ေကာင္းတတ္တယ္။ ေျခဆံ လက္ဆံ ရွည္တတ္တယ္။
စကားေျပာတဲ့အခါမွာ ပါးစပ္တစ္ခုတည္းက ေျပာတတ္တာ မဟုတ္ဘူး။ လက္ေရာ မ်က္လုံးေရာ မ်က္ခုံးေရာပါေအာင္ ေျပာတတ္တယ္။
၂-ဂဏန္းသမားေတြအတြက္ အေရးႀကီးတဲ့ အလုပ္ေတြကို လုပ္တဲ့အခါမွာ အဂၤလိပ္လ ဘယ္လမဆို ၂-ရက္ (၇)ရက္ ၊ (၁၁)ရက္ (၂၀)ရက္ (၂၅)ရက္ (၂၉)ရက္ စတာေတြ ေပါင္းလိုက္ရင္ ၂-ဂဏန္းျဖစ္ေနတဲ့ ရက္ေတြ ၇-ဂဏန္းျဖစ္ေနတဲ့ ရက္ေတြမွာလုပ္သင့္တယ္။
ဒါေပမယ့္ ၁၆-ရက္ကို ေပါင္းလိုက္ရင္ ၇-က်ေနေပမယ့္အသုံး မျပဳသင့္ဘူး။ ေရွာင္သင့္တယ္။
ေနာက္တစ္ခုက ၂-ဂဏန္းသမားေတြဟာ အလုပ္ေတြကို အရမ္းလုပ္ၿပီး ေျခကုန္လက္ပန္း က်သြားတဲ့ ေရာဂါမ်ိဳး အဆစ္အျမစ္ ကိုက္ခဲတဲ့ ေရာဂါမ်ိဳးေတြ ျဖစ္တတ္တယ္။ ဂဏန္းေဗဒင္စာအုပ္ေတြမွာေတာ့ ဓာတ္စာေတြ အမ်ားႀကီး ၫြန္းထားပါတယ္။ ဒါေပမယ့္ တစ္ကယ္လက္ေတြ႕ အသုံးဝင္တာကေတာ့ ေရွာက္သီးပဲ။ ညအိပ္ယာ ဝင္ခါနီးတိုင္း စားပြဲဇြန္းနဲ႔ တစ္ဇြန္းတစ္ဇြန္း ေသာက္သင့္တယ္။
၂-ဂဏန္းသမားအတြက္ ကံေကာင္းတဲ့ အေရာင္ကေတာ့ အျဖဴေရာင္နဲ႔ အစိမ္းေရာင္ေတြပါပဲ။
၂-ဂဏန္းသမား ဝတ္ဆင္သင့္တဲ့ ေက်ာက္မ်က္ရတနာကေတာ့ ပုလဲရယ္ ၊ မြန္းစတုံးေခၚတဲ့ လေက်ာက္ရယ္ ျဖစ္တယ္။
၂-ဂဏန္းသမားေတြဟာ ဘယ္ေနရာမွာ ဘယ္လို အလုပ္မ်ိဳးေတြကို လုပ္ရလုပ္ရ သူတို႔ရဲ႕ လုပ္ငန္းကို အႏုပညာဆန္ေအာင္ လုပ္ကိုင္ေလ့ရွိတယ္။ ၿပီးေတာ့ ၂-ဂဏန္းသမားဟာ ဘဝမွာ အလုပ္ႏွစ္ခါ ေျပာင္းရတတ္တယ္။ အိမ္ေထာင္လည္း ႏွစ္ဆက္ ျဖစ္တတ္တယ္။
===============================
မူလ(၃)ဂဏန္းသမားအေၾကာင္း
____________________
ဘယ္လမွာပဲ ျဖစ္ျဖစ္ ၃-ရက္၊ ၁၂-ရက္ ၊ ၂၁-ရက္ ၊ ၃၀-ရက္ေတြမွာ ေမြးရင္ေတာ့ အဲဒီလူကို ၃-ဂဏန္း သမားလို႔ ေခၚရမွာပဲ။ သူတို႔က မ်က္ႏွာ သြယ္ တတ္ၾကပါတယ္။ သူတို႔ရဲ႕ မ်က္ႏွာကို ၾကည့္ရင္ အစဥ္သျဖင့္ ေအးေအး ေဆးေဆး ရွိတတ္ ၾကပါတယ္။
ဘယ္လိုေနရာကို ေရာက္ေရာက္ အဆင္ေျပေအာင္ ေနထိုင္တတ္ၾကတယ္။ သဘာ၀ မက်ေအာင္ ထုပ္ထားတဲ့ စည္းကမ္း ဥပေဒေတြကို တေလးတစား လိုက္နာၾကတယ္။ အလုပ္ ဝတၱရား ကိုလည္း အလြန္ ႐ိုေသ တတ္ၾကတယ္။
သူတို႔နဲ႔ သင့္ေတာ္တဲ့ အေရာင္ ေတြကေတာ့ ခရမ္းေရာင္ ၊ မရမ္းေရာင္ ။ ပန္းႏုေရာင္ေတြ ျဖစ္တယ္။
ေက်ာက္မ်က္ ရတနာ ထဲမွာဆိုရင္ ေဂၚမုတ္ ေက်ာက္ဟာ ၃-ဂဏန္းသမားနဲ႔ သင့္ေတာ္တဲ့ ေက်ာက္ပဲ။
၃-ဂဏန္း သမားေတြ အတြက္ အေရးႀကီးတဲ့ အလုပ္ေတြ လုပ္ဖို႔ ေကာင္းတဲ့ ရက္ေတြကေတာ့ အဂၤလိပ္လရဲ႕ ၃-ရက္ ၊ ၁၂-ရက္ ၊ ၂၁-ရက္ေတြဟာ ပထမတန္းစား ကံေကာင္းတဲ့ ေန႔ေတြပဲ။ ၆-ရက္ ၊ ၁၅-ရက္ ၊ ၂၄-ရက္ေတြဟာ ဒုတိယတန္းစား ကံေကာင္းတဲ့ ေန႔ေတြပါပဲ။
၉-ရက္ ။ ၁၈-ရက္ ။ ၂၇-ရက္ေတြဟာ တတိယတန္းစား ကံေကာင္းတဲ့ေန႔ေတြပါပဲ။
၃-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါေတြကေတာ့ ဦးေခါင္းပိုင္းမွာ အမ်ားဆုံး ျဖစ္တတ္တယ္။ ၿပီးေတာ့ အေၾကာေရာင္ ေရာ၈ါ ၊ အေၾကာတက္ေရာဂါ ၊ ျဖစ္တတ္တယ္။
သူတို႔အတြက္ အေကာင္းဆုံး ဓာတ္စာကေတာ့ နာနတ္သီး ျဖစ္တယ္။ ဒုတိယ သင့္ေတာ္တာ ကေတာ့ ဆီးျဖဴ သီးျဖစ္တယ္။ ဘာပဲျဖစ္ျဖစ္ ၃-ဂဏန္း သမားေတြဟာ နာနတ္သီး တစ္လွည့္ ဇီးျဖဴသီး တစ္လွည့္ မွန္မွန္ႀကီး စားစား ေပးသြားဖို႔ လိုပါတယ္။
===============================
မူလ(၄)ဂဏန္းသမားအေၾကာင္း
____________________
အဂၤလိပ္လရဲ႕ ဘယ္လမဆို ၄-ရက္၊ ၁၃-ရက္၊ ၂၂-ရက္၊ ၃၁-ရက္ေန႔ေတြမွာ ေမြးရင္ ၄-ဂဏန္းသမားလို႔ ေခၚရမယ္။ သူတို႔ရဲ႕ မ်က္ႏွာသြင္ျပင္ဟာ တစ္ျခားသူ နဲ႔ မတူပဲ တမူ ထူးျခားေနတယ္။ ထက္ထက္ျမက္ျမက္ ရွိတဲ့ မ်က္ႏွာမိ်ဳး ရွိတယ္။ ၄-ဂဏန္းသမားေတြဟာ လြယ္လြယ္ကူကူ မိတ္ဖြဲ႕လို႔ မရဘူး။
တစ္နည္း တစ္ဖုံ ခြတီးခြက် ျဖစ္ေလ့ရွိတယ္။ အမ်ားတကာနဲ႔လည္း အယူအဆခ်င္း မတူပဲ တစ္မ်ိဳးတစ္ဖုံ ကြာဟေနတတ္တယ္။ စည္းကမ္းေတြ အမိန႔္ေတြကို မနာခံ တတ္ဘူး။ (၄)-ဂဏန္း သမားေတြဟာ မေမွ်ာ္လင့္ပဲ ရတနာပုံ ဆိုက္သလို ႀကီးပြား တတ္တယ္။ မိတ္ေဆြအေပါင္းအသင္း ရွိရင္လည္း အနည္းစုပဲ ျဖစ္လိမ့္မယ္။ အဲဒီ အနည္းစုကလည္း သူ႔အေပၚ အင္မတန္ သစၥာရွိတဲ့ လူေတြ ျဖစ္တတ္တယ္။
(၄)-ဂဏန္းသမားေတြ အေရးႀကီးတဲ့ အလုပ္ကို လုပ္မယ္ဆိုရင္ ၄-ရက္ ။ ၁၃-ရက္။ ၂၂-ရက္ ၃၁-ရက္ေတြဟာ အေကာင္းဆုံးပဲ။
သူတို႔အတြက္ကံေကာင္းေစတဲ့ အေရာင္ကေတာ့ စပ္ထားတဲ့အေရာင္ ။ မီးခိုေရာင္ ၊ ညိဳမႈိင္းတဲ့အေရာင္ေတြ ျဖစ္တယ္။
ဝတ္ဆင္သင့္တဲ့ ရတနာကေတာ့ နီလာေပါ့ကြာ။
ၿပီးေတာ့ (၄)-ဂဏန္းသမားေတြဟာ ေရာဂါဆန္းေတြ ျဖစ္တတ္တယ္။ မျမင္ရတဲ့ ေနရာေတြမွာ အနာျဖစ္ တတ္တယ္ကြ။
ေရာဂါ ျဖစ္လာရင္ လွ်ပ္စစ္ဓာတ္ကို အသုံးျပဳၿပီး ကုသတဲ့ ကုသနည္းဟာ အထူးေကာင္းတယ္။ ေနာက္တစ္ခုက (၄)ဂဏန္းသမားေတြဟာ ေဆးစားျခင္း ေဆးေသာက္ျခင္းထက္ အခ်ိန္ လုံလုံေလာက္ေလာက္ အနားယူလိုက္ျခင္းဟာ ေကာင္းတယ္။ ၄-ဂဏန္းသမား ေနထိုင္မေကာင္း ျဖစ္တဲ့အခါ သတ္သတ္လြတ္ စားလိုက္တာနဲ႔ ေပ်ာက္ကင္း သြားတတ္ပါတယ္။
===============================
မူလ(၅)ဂဏန္းသမားအေၾကာင္း
____________________
အဂၤလိပ္လ ဘယ္လမဆို (၅)ရက္ ၊(၁၄)ရက္ ၊ (၂၃)ရက္ ၊ တစ္ရက္ရက္မွာ ေမြး ရင္ ဂဏန္းေဗဒင္ ပညာအရ (၅)ဂဏန္းသမားလို႔ ေခၚရမွာပဲ။ (၅)ဂဏန္း သမားရဲ႕ မ်က္ႏွာ သြင္ျပင္ကေတာ့ အစဥ္သျဖင့္ ၿပဳံး႐ႊင္ ေနတတ္ပါတယ္။ စိတ္ေန စိတ္ထားကိုေျပာရရင္ အလြန္ လႈပ္ရွားလြယ္တယ္။ ဘဝကို ေလွ်ာက္လွမ္းတဲ့ အခါ ေလာင္းကစားဆန္ဆန္ ေလွ်က္လွမ္းတတ္ပါတယ္။
ေလာင္းကစားသမား လို႔ ေျပာတာ မဟုတ္ဘူးေနာ္။ စြန႔္စားတာကို ေျပာတာ။ အဆုံးအျဖတ္ ျမန္တယ္။ ဆင္းဆင္းရဲရဲ မေနရတတ္ဘူး။ လက္ဖ်ားမွာ ေငြသီးေနတဲ့ လူေတြဟာ မ်ား ေသာအားျဖင့္ (၅)ဂဏန္းသမားေတြ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ေငြလည္း မၿမဲဘူး။
(၅)ဂဏန္း သမားေတြ ျဖစ္တတ္တဲ့ ေရာ၈ါကေတာ့ အေၾကာတက္တဲ့ ေရာဂါနဲ႔ အာ႐ုံေၾကာနဲ႔ ဆိုင္တဲ့ ေရာဂါေတြ ပဲ ျဖစ္တတ္တယ္။
ဂဏန္းေဗဒင္ စာအုပ္မွာေတာ့ ဓာတ္စာေတြ အမ်ားႀကီး ျပထားပါတယ္။ (၅)ဂဏန္းသမား အတြက္ တကယ္စြမ္းတဲ့ ဓာတ္စာကေတာ့ မုန္လာဥပဲ။ မုန္လာဥကို မ်ားမ်ား စားေပးပါ။ (၅)ဂဏန္းသမားနဲ႔ အလြန္တည့္ပါတယ္။
သင့္ျမတ္တဲ့ အေရာင္ကေတာ့ အျဖဴေရာင္နဲ႔ ထုံးေက်ာက္ေရာင္ လိုဟာမ်ိဳးေတြ ျဖစ္ပါတယ္။
သင့္ျမတ္တဲ့ ရတနာကေတာ့ စိန္နဲ႔ ပလက္တီနမ္ ျဖစ္တယ္။
(၅)ဂဏန္းသမားေတြ အတြက္ အေရးႀကီးတဲ့ ကိစၥေတြ လုပ္စရာ ရွိရင္ ဘယ္လဆို (5,14,23, 1,10, 19,28, 7,16, 25) ရက္ေတြမွာ လုပ္သင့္ပါတယ္။ အက်ိဳုးေပးပါတယ္။
===============================
မူလ(၆)ဂဏန္းသမားအေၾကာင္း
____________________
အဂၤလိပ္လ ဘယ္လမဆို ၆-ရက္ ၁၅-ရက္ ၂၄-ရက္ တစ္ရက္ရက္မွာ ေမြးရင္(၆)ဂဏန္းသမားလို႔ ေခၚႏိုင္တယ္။ ၆- ဂဏန္း သမားရဲ႕ မ်က္ႏွာသြင္ျပင္ဟာ စြဲေဆာင္ႏိုင္တဲ့ မ်က္ႏွာမ်ိဳး ျဖစ္တတ္တယ္။ ဘဝမွာ အခ်စ္ေရးေၾကာင့္ အိမ္ေထာင္ေရးေၾကာင့္ လြမ္းေဆြးရတာေတြ ေတြ႕ရတတ္တယ္။ အလွအပ ကို ႏွစ္သက္တတ္တယ္။
ေတးဂီတ ပန္းခ်ီ ပန္းပု စတာေတြကို ႏွစ္သက္ တတ္တယ္။ ေလးစားတတ္တယ္။ အထူးသျဖင့္ အႏုပညာကို ခံစားတတ္တဲ့ သေဘာရွိတယ္။ သင့္တင့္တဲ့ အေရာင္ေတြကေတာ့ အျပာေရာင္ အမ်ိဳးမ်ိဳးဟာ အသင့္ေတာ္ဆုံးပဲ။ သင့္ျမတ္တဲ့ ေက်ာက္မ်က္ရတနာကေတာ့ ျမဟာ အသင့္ျမတ္ဆုံးပါပဲ။
၆-ဂဏန္း သမားေတြ အျဖစ္အမ်ားဆုံး ေရာဂါကေတာ့ ေခါင္းမူးေရာဂါ ၊ ႏွေခါင္းေသြးလွ်ံတဲ့ ေရာဂါ ၊ အဆုတ္နဲ႔ ပါတ္သက္တဲ့ ေရာဂါေတြ ျဖစ္ပါတယ္။ ြ၆-ဏန္းသမားအတြက္ အေကာင္းဆုံး ဓာတ္စာကေတာ့ ပဲသီးေတာင့္ပဲ။
၆-ဂဏန္း သမားအတြက္ အေရးႀကီးတဲ့ ကိစၥေတြ လုပ္စရာရွိရင္ (၆၊ ၁၅၊ ၂၄)ရက္ေတြဟာ ပထမတန္းစား ေကာင္းတယ္။ (၉၊၁၈၊၂၇)ရက္ေတြဟာ ဒုတိယတန္းစား ေကာင္းတယ္။ (၃ ၊ ၁၂ ၊ ၂၁)ရက္ေတြဟာ တတိယတန္းစား အက်ိဳးေပးတယ္။
===============================
မူလ(၇)ဂဏန္းသမားအေၾကာင္း
_____________________
အဂၤလိပ္ရက္ ( 7,16,25) ရက္မွာ ေမြးထားရင္ (၇)ဂဏန္း သမားလို႔ ေျပာရမွာ ေပါ့။ (၇)ဂဏန္းသမားေတြရဲ႕ ပုံပန္းကေတာ့ ခပ္ေၾကာင္ေၾကာင္ ေနထိုင္ေလ့ ရွိတယ္။ မသိရင္ စိတ္ေဖာက္ျပန္ေနတယ္လို႔ေတာင္ ထင္ရတယ္။ ကိုယ္စြမ္း ကိုယ္စကို ယုံၾကည္တယ္။ ထူးထူးဆန္းဆန္း အေၾကာင္းအရာေတြကို စိတ္ဝင္ စားတတ္တယ္။
ခရီးထြက္ျခင္းမွာ ေမြ႕ေလွ်ာ္တတ္တယ္။ ဘာသာေရးမွာ အမ်ားသူငါႏွင့္ မတူပဲ သူ႔ ဘာသာသူ ေတြးေခၚထားတဲ့ ဘာသာေရးမ်ိဴးေတြ ျဖစ္ေနတတ္တယ္။ ေအာ္ကာတစ္ဇင္လို႔ ေခၚတဲ့ ေလာကီပညာကို လိုက္စား တတ္တယ္။
(၇)ဂဏန္းသမားေတြ အတြက္ အေရးႀကီးတဲ့ ကိစၥေတြ ရွိရင္ေတာ့ (၇)ရက္နဲ႔ (၂၅)ရက္ဟာ ပထမတန္း ေကာင္းတယ္။
(၂)ရက္ (၁၁)-ရက္ (၂၀)-ရက္ေတြဟာ ဒုတိယတန္းစား ေကာင္းတယ္။ အဲဒီရက္ေတြမွာ လုပ္ေပေတာ့။
သူတို႔အတြက္ ကံေကာင္းေစတဲ့ အေရာင္ေတြကေတာ့ အစိမ္းေရာင္ အျဖဴေရာင္နဲ႔ ညိဴမႈိင္းတဲ့ အေရာင္ေတြပဲ ျဖစ္တယ္။
သူတို႔အတြက္ ကံေကာင္းေစတဲ့ ရတနာကေတာ့ ပုလဲကို ေဆာင္ထားသင့္ပါတယ္။
(၇)ဂဏန္း သမားေတြ ျဖစ္တတ္တဲ့ ေရာဂါကေတာ့ အလုပ္ဒဏ္ ပိတဲ့ ေရာဂါ ၊ ခါးေအာက္ပိုင္း အေၾကာေတြ ဆြဲတဲ့ေရာဂါ ၊ ေသြးစုနာလို အနာကေလးေတြ ျဖစ္တတ္တယ္။ ဒါေၾကာင့္ သူတို႔အတြက္ သင့္ျမတ္တဲ့ ဓာတ္စာ ကေတာ့ အရည္႐ြမ္းတဲ့ အသီးအ႐ြက္ေတြ ျဖစ္တယ္။ အထူးသျဖင့္ သေဘၤာသီးဟာ အသင့္ျမတ္ဆုံးပါပဲ။
===============================
မူလ(၈)ဂဏန္းသမားအေၾကာင္း
____________________
ဘယ္လမွာပဲ ျဖစ္ျဖစ္ အဂၤလိပ္လရဲ႕ (8 ,17 26) ရက္ေတြမွာ ေမြးတဲ့ သူေတြကို (၈)ဂဏန္းသမားလို႔ ေခၚတယ္ကြ။ ၂၆-ဆိုတာလည္း ၂-နဲ ၆-ေပါင္းလိုက္ရင္ ၈- မဟုတ္လားကြာ။ (8) ဂဏန္းသမားေတြဟာ စကားေျပာ ပြင့္လင္းတယ္ကြာ။ အလုပ္ လုပ္စရာရွိရင္လည္း အလုပ္ကို ဖိလုပ္တယ္။ နားစရာ ရွိရင္လည္း က်က် နန နားတယ္ကြာ။ ေျပာစရာရွိရင္လည္း ဘယ္သူ႔ကိုမွ အားမနာတတ္ဘူး။
ပြင့္ပြင့္လင္းလင္း ေျပာေတာ့တာပဲ။ သူ႔အတိုင္းကေတာ့ ညစ္ေလ့ မရွိဘူးကြ။ သူတစ္ပါးက ညစ္ၿပီဆိုရင္လည္း ၈-ဂဏန္းသမားဟာ ျပန္ၿပီး ညစ္တတ္တယ္။ ၈-ဂဏန္းသမား ညစ္ရင္ ဘယ္လို လူမ်ိဳးမွ လိုက္လို႔ မမွီဘူးေလ။ အဲဒီမွာ တစ္ခု ထူးျခားတာကေတာ့ ၈-ဂဏန္းသမားဟာ ကံဇာတာ ညံ့ရင္လည္း အလြန္ ညံ့တတ္တယ္ကြ။
ေကာင္းရင္လည္း အလြန္ ေကာင္းတတ္ တယ္။ လူကလည္း တစ္ဖက္စြန္းပဲကြ။ ပတ္ဝန္းက်င္ကို ဂ႐ု မစိုက္တတ္ဘဲ အလုပ္တစ္ခုကို စမိၿပီဆိုရင္ ၿပီးေအာင္ ဇြဲနဲ႔ လုပ္တာ ၈-ဂဏန္း သမားေတြပဲ။ တစ္ခါတစ္ရံ အေၾကာင္းမဲ့ ေလာကႀကီးကို မေက်မနပ္ ျဖစ္ေန တာ ၈-ဂဏန္း သမားေတြပဲ။
၈-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါကေတာ့ အသည္းေရာဂါ ၊ ေသြးနဲ႔ ပါတ္သက္တဲ့ ေရာဂါေတြပဲ။ သူရဲ႕ ဓာတ္စာေတြကေတာ့ အသီးအ႐ြက္ေတြ မုန္လာဥေတြ ငွက္ေပ်ာသီးေတြဟာ သူရဲ႕ ဓာတ္စာေတြပဲကြ။
ေဆာင္ရမယ့္ ေက်ာက္ကေတာ့ ပုလဲနက္ စိန္နက္ မဟူရာ စတဲ့ အနက္ေရာင္ေက်ာက္ေတြပဲ။
ကံေကာင္းေစတဲ့ အေရာင္အေရာင္ကလည္း ခရမ္းရင့္ေရာင္ အျပာရင့္ေရာင္ အထူးသျဖင့္ အနက္ေရာင္ ေပါ့ကြာ။
ကံေကာင္းေစတဲ့ ေန႔ကေတာ့ စေနေန႔ပဲေဟ့။ ေလာကီပညာ လိုက္စားရင္ ၈-ဂဏန္းသမားေတြဟာ ထြန္းေပါက္ တတ္တယ္။
မွတ္ခ်က္-ကမာၻေက်ာ္ လကၡဏာဆရာႀကီး ကိုင္႐ိုကမူ ၁၇-ကို ၈-ဂဏန္းဟု မယူဆပဲ ၈-ထက္ ၆ရဲ႕ အာနိသင္က ပိုတယ္ဟု ယူဆပါေၾကာင္း
===============================
မူလ(၉)ဂဏန္းသမားအေၾကာင္း
____________________
အဂၤလိပ္လရဲ႕ (9 , 18 , 27) ရက္ေတြမွာ ေမြးတဲ့ လူေတြကို ၉-ဂဏန္းသမားလို႔ ေခၚတယ္။ ၉-ဂဏန္း သမားေတြဟာ သူမ်ားေပးတဲ့ ေငြတစ္ဆယ္ကို မမက္ဘူး ကြ။ ကိုယ္တိုင္ရွာတဲ့ ေငြတစ္ဆယ္ကို ျမတ္ႏိုးတယ္။ ဘယ္ကိစၥကို မဆို ကြယ္ရာ မွာ တစ္မ်ိဳး ေရွ႕တင္မွာ တစ္မ်ိဳး မလုပ္တတ္ဘူးကြ။
အဲဒါေၾကာင့္ ၉-ဂဏန္း သ မားေတြဟာ ရန္သူမ်ားတတ္တယ္။ တြဲလို႔ ရရင္တြဲ။ တြဲလို႔ မရရင္ ကြဲ။ ျပတ္ျပတ္ သားသားရွိတာ ၉-ဂဏန္းသမားေတြကြ။ ၉-ဂဏန္း သမားေတြဟာ မၾကာခဏ ေလာကႀကီးကို စိတ္ကုန္တတ္တယ္။ အဲဒီလို စိတ္ကုန္ေပမယ့္ ၉-ဂဏန္း သမားေတြဟာ မယ္သီလရွင္ ၊ ဘုန္းႀကီး ဝတ္တာ နည္းတယ္ကြ။ ၉-ဂဏန္း သမားေတြဟာ အတိုက္အခိုက္ ဘယ္ေလာက္မ်ားမ်ား ေနာက္ဆုံးမွာ ေအာင္ျမင္ သြားတယ္။ ၉-ဂဏန္း သမားေတြဟာ သူတို႔က မသိလို႔ကြ။
ႀကီးပြားခ်မ္းသာေစတဲ့ ဓာတ္တစ္မ်ိဳး ေမြးရာပါ ပါတယ္ကြ။
၉-ဂဏန္းသမားေတြ ျဖစ္တတ္တဲ့ ေရာဂါကေတာ့ ေၾကာက္စရာႀကီးကြ။ မျဖစ္ရင္လည္း ေနေရာ ျဖစ္ရင္လည္း ကူးစက္တတ္တဲ့ ေရာဂါ ျဖစ္တတ္တယ္ကြ။ ဘာမွ မျဖစ္ရင္ေတာင္ အပူေလာင္တာမၾကာခန ျဖစ္တတ္တယ္။
ဘယ္ေရာဂါပဲ ျဖစ္ျဖစ္ ၾကက္သြန္ျဖဴ ၾကက္သြန္နီတို႔ဟာ သဘာဝဓာတ္စာပဲေဟ့။
သူတို႔အတြက္ သဘာဝအေဆာင္ကေတာ့ သံမဏိပဲကြ။ သံမဏိ လက္စြတ္တို႔ သံမဏိလက္ေကာက္တို႔ ဝတ္ရင္ အေကာင္းဆုံးပဲ။ အဲဒါေတြ မဝတ္ခ်င္ရင္ေတာ့ အေဆာင္က ေက်ာက္နီပဲကြ။
သူတို႔အတြက္ အေကာင္းဆုံး ကံေကာင္းေစတဲ့ ေန႔ဟာ အဂၤါေန႔ကြ။
ကံေကာင္းေစတဲ့ အေရာင္ကေတာ့ ၾကက္ေသြးေရာင္ ၊ အနီေရာင္ ရဲရဲေတြေပါ့ကြာ။
မူလဂဏန္းဆိုတာ ေမြးရက္ဂဏန္းကိုေခၚတာ။
၃-ရက္ေန႔ဖြားဆိုရင္ ၃-ဂဏန္းသမားေပါ့။ ၅-ရက္ေန႔ဖြားဆိုရင္ ၅-ဂဏန္းသမားေပါ့။
ႏွလုံးဆိုရင္ေတာ့ တစ္လုံးထဲရေအာင္ ေပါင္းရမယ္။ ဥပမာ ၁၂-ရက္ေန႔ ဆိုရင္ ၁-ႏွင့္ ၂ ေပါင္းေတာ့ ၃-ရတယ္။ အဲဒီေတာ့ ၃-ဂဏန္း သမားေပါ့။ အခု ကြၽန္ေတာ္ေျပာျပခဲ့တာကမူလ(၉)ဂဏန္းသမား အေၾကာင္းပါ။

Unicodeဖြင့်ဖတ်ရန်

အဘဆရာကြီးမင်းသိင်္ခပြောပြခဲ့တဲ့ ဂဏန်းဗေဒင်

မူလ(၁)ဂဏန်းသမားအကြောင်း
_________________
မူလဂဏန်း (၁) ရတဲ့ လူဟာ အသားအရည်က ဖြူဖတ်ဖြူရော် ရှိတတ် တယ်ကွ။ ဒါပေမယ့် ကိုယ်လုံး ကိုယ်ပေါက်က ကြံ့ခိုင်တဲ့ လက္ခဏာ ရှိတယ်ကွ။ ဆံပင်တို့ ဘာတို့ကတော့ အများအားဖြင့် အမည်းရောင် ဖြစ်လေ့ ရှိတယ်။ ပြီးတော့ လူအများစုနဲ့ မနေဘဲ တစ်ကိုယ်ရေတစ်ကာယ နေတတ်တယ်ကွ။
နောက်တစ်ခုကတော့ (၁)ဂဏန်းသမားဟာ လူတွေကို မယုံဘူး။ အမြဲတမ်း သံသယ ရှိနေတတ်တယ်။ တော်တော်များများ (၁)ဂဏန်းသမားတွေက အာဏာပြတာတို့ အမိန့်ပေးတာတို့ လုပ်လေ့ရှိတယ်။ ပြီးတော့ အသစ်အဆန်းကို ဖန်တီး လုပ်ဆောင်တတ်တဲ့ ဥဉ်လဲရှိတယ်။
အင်္ဂလိပ်လ ဘယ်လမှာပဲ မွေးမွေး ၁-ရက် ၁၀-ရက် ၁၉-ရက် ၂၈-ရက်တွေမှာ မွေးရင် ဂဏန်းဗေဒင် သဘောအရ ၁-ဂဏန်းသမားလို့ ပြောရမှာပဲ။ ၁- ဂဏန်းသမားဟာ ဘာပဲဖြစ်ဖြစ် ရည်ရွယ်ချက်တော့ ကြီးတတ်တယ်ကွ။ ဘယ်လို အသက်မွေး ဝမ်းကြောင်းအလုပ်ကိုပဲ လုပ်လုပ် ၁-ဂဏန်းသမားဟာ တဖြည်းဖြည်းနဲ့ အမြင့်ကို ရောက်သွားတတ်တယ်။ ပြီးတော့ ၁-ဂဏန်းသမားအတွက် အဆောင်ဟာ ရွှေပဲကွ။
ရွှေကို ဆောင်ထားရင် ကံကောင်းတယ်လို့ ရှေးက ဆရာတွေက ယုံကြည်ကြတယ်။
အရောင်ဆိုရင်တော့ အဝါရောင်တို့ ၊ ရွှေရောင်တွေဟာ ၁-ဂဏန်းသမားနဲ့ သင့်မြတ်တယ်။ ပြီးတော့ ကျောက်မျက် ရတနာထဲက ဆိုရင်တော့ ပယင်းတို့ ဥဿဖယားတို့ စိန်တို့ဟာ ၁-ဂဏန်းသမား ဆောင်သင့်တဲ့ ကျောက်မျက်ရတနာပဲ။
ပြီးတော့ အရေးကြီးတဲ့ ၁-ဂဏန်းသမားအနေနဲ့ အရေးကြီးတဲ့အလုပ်တွေ လုပ်ရင် ဘယ်လမှာပဲ ဖြစ်ဖြစ် (၁) (၂) (၄) (၇) (၁၀) (၁၁) (၁၃) (၁၆) (၁၉) (၂၀) (၂၂) (၂၅) (၂၈) (၂၉) (၃၁) ရက်တွေဟာ သင့်မြတ်တဲ့ ရက်တွေပဲကွ။
ပြီးတော့ ၁-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေဟာ နှလုံးသွေးလွှတ်ကြော နှင့် ပါတ်သက်သောရောဂါ ၊ သွေးလေ မမှန်တဲ့ရောဂါတွေ ဖြစ်တတ်တယ်ကွ။
၁-ဂဏန်းသမားအတွက် အကောင်းဆုံး ဆေးကတော့ ပျားရည်ပဲဟေ့။ ပျားရည်ကို စားပွဲ ဇွန်းကြီးနဲ့ ညအိပ်ယာဝင် တစ်ဇွန်း တစ်ဇွန်း သောက်သင့်တယ်ကွ….
ဒါကတော့ အဘမင်းသိင်္ခ ပြောပြတဲ့ (၁)ဂဏန်းသမား အကြောင်းပါ။
မူလဂဏန်းဆိုတာ မွေးရက်ဂဏန်းကိုခေါ်တာ။
၃-ရက်နေ့ဖွားဆိုရင် ၃-ဂဏန်းသမားပေါ့။ ၅-ရက်နေ့ဖွားဆိုရင် ၅-ဂဏန်းသမားပေါ့။
နှလုံးဆိုရင်တော့ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ ၁၂-ရက်နေ့ ဆိုရင် ၁-နှင့် ၂ ပေါင်းတော့ ၃-ရတယ်။ အဲဒီတော့ ၃-ဂဏန်း သမားပေါ့။
===============================
မူလ(၂)ဂဏန်းသမားအကြောင်း
____________________
ဒီလိုရှိတယ်ကွ…။ အင်္ဂလိပ်လရဲ့ ဘယ်လမှာပဲ ဖြစ်ဖြစ် ၂-ရက်၊ ၁၁-ရက်၊ ၂၀-ရက် ၊ ၂၉-ရက်တွေမှာ မွေးတဲ့ လူတွေကို ဂဏန်းဗေဒင် ပညာအရ ၂- ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ ဒီလူတွေဟာ အနုပညာဘက်မှာ ချွန်တတ်တယ်။ စိတ်နေစိတ်ထား သိမ်မွေ့တတ်တယ်။ အတွေးအခေါ် စိတ်ကူး ကောင်းတတ်တယ်။
ဒါပေမယ့် သူတို့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့တော့ နှောင့်နှေးတတ်တယ်။ ခရီးသွား ရတဲ့ အလုပ်တွေမှာလည်း အောင်မြင် တတ်တယ်။ ခရီးတောင်မှ ရေလမ်းခရီးနဲ့ ကုန်းလမ်းခရီး မတူဘူး။ ရေလမ်းခရီးကို ပိုပြီး နှစ်သက်တတ်တယ်။ သူတို့ ရုပ်ရည်နဲ့ ပတ်သက်လို့ သိသာတာက မျက်နှာဝိုင်းပြီး မျက်ခုံး မျက်လုံး ကောင်းတတ်တယ်။ ခြေဆံ လက်ဆံ ရှည်တတ်တယ်။
စကားပြောတဲ့အခါမှာ ပါးစပ်တစ်ခုတည်းက ပြောတတ်တာ မဟုတ်ဘူး။ လက်ရော မျက်လုံးရော မျက်ခုံးရောပါအောင် ပြောတတ်တယ်။
၂-ဂဏန်းသမားတွေအတွက် အရေးကြီးတဲ့ အလုပ်တွေကို လုပ်တဲ့အခါမှာ အင်္ဂလိပ်လ ဘယ်လမဆို ၂-ရက် (၇)ရက် ၊ (၁၁)ရက် (၂၀)ရက် (၂၅)ရက် (၂၉)ရက် စတာတွေ ပေါင်းလိုက်ရင် ၂-ဂဏန်းဖြစ်နေတဲ့ ရက်တွေ ၇-ဂဏန်းဖြစ်နေတဲ့ ရက်တွေမှာလုပ်သင့်တယ်။
ဒါပေမယ့် ၁၆-ရက်ကို ပေါင်းလိုက်ရင် ၇-ကျနေပေမယ့်အသုံး မပြုသင့်ဘူး။ ရှောင်သင့်တယ်။
နောက်တစ်ခုက ၂-ဂဏန်းသမားတွေဟာ အလုပ်တွေကို အရမ်းလုပ်ပြီး ခြေကုန်လက်ပန်း ကျသွားတဲ့ ရောဂါမျိုး အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါမျိုးတွေ ဖြစ်တတ်တယ်။ ဂဏန်းဗေဒင်စာအုပ်တွေမှာတော့ ဓာတ်စာတွေ အများကြီး ညွန်းထားပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့ အသုံးဝင်တာကတော့ ရှောက်သီးပဲ။ ညအိပ်ယာ ဝင်ခါနီးတိုင်း စားပွဲဇွန်းနဲ့ တစ်ဇွန်းတစ်ဇွန်း သောက်သင့်တယ်။
၂-ဂဏန်းသမားအတွက် ကံကောင်းတဲ့ အရောင်ကတော့ အဖြူရောင်နဲ့ အစိမ်းရောင်တွေပါပဲ။
၂-ဂဏန်းသမား ဝတ်ဆင်သင့်တဲ့ ကျောက်မျက်ရတနာကတော့ ပုလဲရယ် ၊ မွန်းစတုံးခေါ်တဲ့ လကျောက်ရယ် ဖြစ်တယ်။
၂-ဂဏန်းသမားတွေဟာ ဘယ်နေရာမှာ ဘယ်လို အလုပ်မျိုးတွေကို လုပ်ရလုပ်ရ သူတို့ရဲ့ လုပ်ငန်းကို အနုပညာဆန်အောင် လုပ်ကိုင်လေ့ရှိတယ်။ ပြီးတော့ ၂-ဂဏန်းသမားဟာ ဘဝမှာ အလုပ်နှစ်ခါ ပြောင်းရတတ်တယ်။ အိမ်ထောင်လည်း နှစ်ဆက် ဖြစ်တတ်တယ်။
===============================
မူလ(၃)ဂဏန်းသမားအကြောင်း
____________________
ဘယ်လမှာပဲ ဖြစ်ဖြစ် ၃-ရက်၊ ၁၂-ရက် ၊ ၂၁-ရက် ၊ ၃၀-ရက်တွေမှာ မွေးရင်တော့ အဲဒီလူကို ၃-ဂဏန်း သမားလို့ ခေါ်ရမှာပဲ။ သူတို့က မျက်နှာ သွယ် တတ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာကို ကြည့်ရင် အစဉ်သဖြင့် အေးအေး ဆေးဆေး ရှိတတ် ကြပါတယ်။
ဘယ်လိုနေရာကို ရောက်ရောက် အဆင်ပြေအောင် နေထိုင်တတ်ကြတယ်။ သဘာ၀ မကျအောင် ထုပ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို တလေးတစား လိုက်နာကြတယ်။ အလုပ် ဝတ္တရား ကိုလည်း အလွန် ရိုသေ တတ်ကြတယ်။
သူတို့နဲ့ သင့်တော်တဲ့ အရောင် တွေကတော့ ခရမ်းရောင် ၊ မရမ်းရောင် ။ ပန်းနုရောင်တွေ ဖြစ်တယ်။
ကျောက်မျက် ရတနာ ထဲမှာဆိုရင် ဂေါ်မုတ် ကျောက်ဟာ ၃-ဂဏန်းသမားနဲ့ သင့်တော်တဲ့ ကျောက်ပဲ။
၃-ဂဏန်း သမားတွေ အတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကောင်းတဲ့ ရက်တွေကတော့ အင်္ဂလိပ်လရဲ့ ၃-ရက် ၊ ၁၂-ရက် ၊ ၂၁-ရက်တွေဟာ ပထမတန်းစား ကံကောင်းတဲ့ နေ့တွေပဲ။ ၆-ရက် ၊ ၁၅-ရက် ၊ ၂၄-ရက်တွေဟာ ဒုတိယတန်းစား ကံကောင်းတဲ့ နေ့တွေပါပဲ။
၉-ရက် ။ ၁၈-ရက် ။ ၂၇-ရက်တွေဟာ တတိယတန်းစား ကံကောင်းတဲ့နေ့တွေပါပဲ။
၃-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ ဦးခေါင်းပိုင်းမှာ အများဆုံး ဖြစ်တတ်တယ်။ ပြီးတော့ အကြောရောင် ရော၈ါ ၊ အကြောတက်ရောဂါ ၊ ဖြစ်တတ်တယ်။
သူတို့အတွက် အကောင်းဆုံး ဓာတ်စာကတော့ နာနတ်သီး ဖြစ်တယ်။ ဒုတိယ သင့်တော်တာ ကတော့ ဆီးဖြူ သီးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ၃-ဂဏန်း သမားတွေဟာ နာနတ်သီး တစ်လှည့် ဇီးဖြူသီး တစ်လှည့် မှန်မှန်ကြီး စားစား ပေးသွားဖို့ လိုပါတယ်။
===============================
မူလ(၄)ဂဏန်းသမားအကြောင်း
____________________
အင်္ဂလိပ်လရဲ့ ဘယ်လမဆို ၄-ရက်၊ ၁၃-ရက်၊ ၂၂-ရက်၊ ၃၁-ရက်နေ့တွေမှာ မွေးရင် ၄-ဂဏန်းသမားလို့ ခေါ်ရမယ်။ သူတို့ရဲ့ မျက်နှာသွင်ပြင်ဟာ တစ်ခြားသူ နဲ့ မတူပဲ တမူ ထူးခြားနေတယ်။ ထက်ထက်မြက်မြက် ရှိတဲ့ မျက်နှာမိျုး ရှိတယ်။ ၄-ဂဏန်းသမားတွေဟာ လွယ်လွယ်ကူကူ မိတ်ဖွဲ့လို့ မရဘူး။
တစ်နည်း တစ်ဖုံ ခွတီးခွကျ ဖြစ်လေ့ရှိတယ်။ အများတကာနဲ့လည်း အယူအဆချင်း မတူပဲ တစ်မျိုးတစ်ဖုံ ကွာဟနေတတ်တယ်။ စည်းကမ်းတွေ အမိန့်တွေကို မနာခံ တတ်ဘူး။ (၄)-ဂဏန်း သမားတွေဟာ မမျှော်လင့်ပဲ ရတနာပုံ ဆိုက်သလို ကြီးပွား တတ်တယ်။ မိတ်ဆွေအပေါင်းအသင်း ရှိရင်လည်း အနည်းစုပဲ ဖြစ်လိမ့်မယ်။ အဲဒီ အနည်းစုကလည်း သူ့အပေါ် အင်မတန် သစ္စာရှိတဲ့ လူတွေ ဖြစ်တတ်တယ်။
(၄)-ဂဏန်းသမားတွေ အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် ၄-ရက် ။ ၁၃-ရက်။ ၂၂-ရက် ၃၁-ရက်တွေဟာ အကောင်းဆုံးပဲ။
သူတို့အတွက်ကံကောင်းစေတဲ့ အရောင်ကတော့ စပ်ထားတဲ့အရောင် ။ မီးခိုရောင် ၊ ညိုမှိုင်းတဲ့အရောင်တွေ ဖြစ်တယ်။
ဝတ်ဆင်သင့်တဲ့ ရတနာကတော့ နီလာပေါ့ကွာ။
ပြီးတော့ (၄)-ဂဏန်းသမားတွေဟာ ရောဂါဆန်းတွေ ဖြစ်တတ်တယ်။ မမြင်ရတဲ့ နေရာတွေမှာ အနာဖြစ် တတ်တယ်ကွ။
ရောဂါ ဖြစ်လာရင် လျှပ်စစ်ဓာတ်ကို အသုံးပြုပြီး ကုသတဲ့ ကုသနည်းဟာ အထူးကောင်းတယ်။ နောက်တစ်ခုက (၄)ဂဏန်းသမားတွေဟာ ဆေးစားခြင်း ဆေးသောက်ခြင်းထက် အချိန် လုံလုံလောက်လောက် အနားယူလိုက်ခြင်းဟာ ကောင်းတယ်။ ၄-ဂဏန်းသမား နေထိုင်မကောင်း ဖြစ်တဲ့အခါ သတ်သတ်လွတ် စားလိုက်တာနဲ့ ပျောက်ကင်း သွားတတ်ပါတယ်။
===============================
မူလ(၅)ဂဏန်းသမားအကြောင်း
____________________
အင်္ဂလိပ်လ ဘယ်လမဆို (၅)ရက် ၊(၁၄)ရက် ၊ (၂၃)ရက် ၊ တစ်ရက်ရက်မှာ မွေး ရင် ဂဏန်းဗေဒင် ပညာအရ (၅)ဂဏန်းသမားလို့ ခေါ်ရမှာပဲ။ (၅)ဂဏန်း သမားရဲ့ မျက်နှာ သွင်ပြင်ကတော့ အစဉ်သဖြင့် ပြုံးရွှင် နေတတ်ပါတယ်။ စိတ်နေ စိတ်ထားကိုပြောရရင် အလွန် လှုပ်ရှားလွယ်တယ်။ ဘဝကို လျှောက်လှမ်းတဲ့ အခါ လောင်းကစားဆန်ဆန် လျှေက်လှမ်းတတ်ပါတယ်။
လောင်းကစားသမား လို့ ပြောတာ မဟုတ်ဘူးနော်။ စွန့်စားတာကို ပြောတာ။ အဆုံးအဖြတ် မြန်တယ်။ ဆင်းဆင်းရဲရဲ မနေရတတ်ဘူး။ လက်ဖျားမှာ ငွေသီးနေတဲ့ လူတွေဟာ များ သောအားဖြင့် (၅)ဂဏန်းသမားတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ငွေလည်း မမြဲဘူး။
(၅)ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရော၈ါကတော့ အကြောတက်တဲ့ ရောဂါနဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ပဲ ဖြစ်တတ်တယ်။
ဂဏန်းဗေဒင် စာအုပ်မှာတော့ ဓာတ်စာတွေ အများကြီး ပြထားပါတယ်။ (၅)ဂဏန်းသမား အတွက် တကယ်စွမ်းတဲ့ ဓာတ်စာကတော့ မုန်လာဥပဲ။ မုန်လာဥကို များများ စားပေးပါ။ (၅)ဂဏန်းသမားနဲ့ အလွန်တည့်ပါတယ်။
သင့်မြတ်တဲ့ အရောင်ကတော့ အဖြူရောင်နဲ့ ထုံးကျောက်ရောင် လိုဟာမျိုးတွေ ဖြစ်ပါတယ်။
သင့်မြတ်တဲ့ ရတနာကတော့ စိန်နဲ့ ပလက်တီနမ် ဖြစ်တယ်။
(၅)ဂဏန်းသမားတွေ အတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ရှိရင် ဘယ်လဆို (5,14,23, 1,10, 19,28, 7,16, 25) ရက်တွေမှာ လုပ်သင့်ပါတယ်။ အကျိုုးပေးပါတယ်။
===============================
မူလ(၆)ဂဏန်းသမားအကြောင်း
____________________
အင်္ဂလိပ်လ ဘယ်လမဆို ၆-ရက် ၁၅-ရက် ၂၄-ရက် တစ်ရက်ရက်မှာ မွေးရင်(၆)ဂဏန်းသမားလို့ ခေါ်နိုင်တယ်။ ၆- ဂဏန်း သမားရဲ့ မျက်နှာသွင်ပြင်ဟာ စွဲဆောင်နိုင်တဲ့ မျက်နှာမျိုး ဖြစ်တတ်တယ်။ ဘဝမှာ အချစ်ရေးကြောင့် အိမ်ထောင်ရေးကြောင့် လွမ်းဆွေးရတာတွေ တွေ့ရတတ်တယ်။ အလှအပ ကို နှစ်သက်တတ်တယ်။
တေးဂီတ ပန်းချီ ပန်းပု စတာတွေကို နှစ်သက် တတ်တယ်။ လေးစားတတ်တယ်။ အထူးသဖြင့် အနုပညာကို ခံစားတတ်တဲ့ သဘောရှိတယ်။ သင့်တင့်တဲ့ အရောင်တွေကတော့ အပြာရောင် အမျိုးမျိုးဟာ အသင့်တော်ဆုံးပဲ။ သင့်မြတ်တဲ့ ကျောက်မျက်ရတနာကတော့ မြဟာ အသင့်မြတ်ဆုံးပါပဲ။
၆-ဂဏန်း သမားတွေ အဖြစ်အများဆုံး ရောဂါကတော့ ခေါင်းမူးရောဂါ ၊ နှခေါင်းသွေးလျှံတဲ့ ရောဂါ ၊ အဆုတ်နဲ့ ပါတ်သက်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ွ၆-ဏန်းသမားအတွက် အကောင်းဆုံး ဓာတ်စာကတော့ ပဲသီးတောင့်ပဲ။
၆-ဂဏန်း သမားအတွက် အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိရင် (၆၊ ၁၅၊ ၂၄)ရက်တွေဟာ ပထမတန်းစား ကောင်းတယ်။ (၉၊၁၈၊၂၇)ရက်တွေဟာ ဒုတိယတန်းစား ကောင်းတယ်။ (၃ ၊ ၁၂ ၊ ၂၁)ရက်တွေဟာ တတိယတန်းစား အကျိုးပေးတယ်။
===============================
မူလ(၇)ဂဏန်းသမားအကြောင်း
_____________________
အင်္ဂလိပ်ရက် ( 7,16,25) ရက်မှာ မွေးထားရင် (၇)ဂဏန်း သမားလို့ ပြောရမှာ ပေါ့။ (၇)ဂဏန်းသမားတွေရဲ့ ပုံပန်းကတော့ ခပ်ကြောင်ကြောင် နေထိုင်လေ့ ရှိတယ်။ မသိရင် စိတ်ဖောက်ပြန်နေတယ်လို့တောင် ထင်ရတယ်။ ကိုယ်စွမ်း ကိုယ်စကို ယုံကြည်တယ်။ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို စိတ်ဝင် စားတတ်တယ်။
ခရီးထွက်ခြင်းမှာ မွေ့လျှော်တတ်တယ်။ ဘာသာရေးမှာ အများသူငါနှင့် မတူပဲ သူ့ ဘာသာသူ တွေးခေါ်ထားတဲ့ ဘာသာရေးမျိူးတွေ ဖြစ်နေတတ်တယ်။ အော်ကာတစ်ဇင်လို့ ခေါ်တဲ့ လောကီပညာကို လိုက်စား တတ်တယ်။
(၇)ဂဏန်းသမားတွေ အတွက် အရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ (၇)ရက်နဲ့ (၂၅)ရက်ဟာ ပထမတန်း ကောင်းတယ်။
(၂)ရက် (၁၁)-ရက် (၂၀)-ရက်တွေဟာ ဒုတိယတန်းစား ကောင်းတယ်။ အဲဒီရက်တွေမှာ လုပ်ပေတော့။
သူတို့အတွက် ကံကောင်းစေတဲ့ အရောင်တွေကတော့ အစိမ်းရောင် အဖြူရောင်နဲ့ ညိူမှိုင်းတဲ့ အရောင်တွေပဲ ဖြစ်တယ်။
သူတို့အတွက် ကံကောင်းစေတဲ့ ရတနာကတော့ ပုလဲကို ဆောင်ထားသင့်ပါတယ်။
(၇)ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ အလုပ်ဒဏ် ပိတဲ့ ရောဂါ ၊ ခါးအောက်ပိုင်း အကြောတွေ ဆွဲတဲ့ရောဂါ ၊ သွေးစုနာလို အနာကလေးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် သူတို့အတွက် သင့်မြတ်တဲ့ ဓာတ်စာ ကတော့ အရည်ရွမ်းတဲ့ အသီးအရွက်တွေ ဖြစ်တယ်။ အထူးသဖြင့် သင်္ဘောသီးဟာ အသင့်မြတ်ဆုံးပါပဲ။
===============================
မူလ(၈)ဂဏန်းသမားအကြောင်း
____________________
ဘယ်လမှာပဲ ဖြစ်ဖြစ် အင်္ဂလိပ်လရဲ့ (8 ,17 26) ရက်တွေမှာ မွေးတဲ့ သူတွေကို (၈)ဂဏန်းသမားလို့ ခေါ်တယ်ကွ။ ၂၆-ဆိုတာလည်း ၂-နဲ ၆-ပေါင်းလိုက်ရင် ၈- မဟုတ်လားကွာ။ (8) ဂဏန်းသမားတွေဟာ စကားပြော ပွင့်လင်းတယ်ကွာ။ အလုပ် လုပ်စရာရှိရင်လည်း အလုပ်ကို ဖိလုပ်တယ်။ နားစရာ ရှိရင်လည်း ကျကျ နန နားတယ်ကွာ။ ပြောစရာရှိရင်လည်း ဘယ်သူ့ကိုမှ အားမနာတတ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောတော့တာပဲ။ သူ့အတိုင်းကတော့ ညစ်လေ့ မရှိဘူးကွ။ သူတစ်ပါးက ညစ်ပြီဆိုရင်လည်း ၈-ဂဏန်းသမားဟာ ပြန်ပြီး ညစ်တတ်တယ်။ ၈-ဂဏန်းသမား ညစ်ရင် ဘယ်လို လူမျိုးမှ လိုက်လို့ မမှီဘူးလေ။ အဲဒီမှာ တစ်ခု ထူးခြားတာကတော့ ၈-ဂဏန်းသမားဟာ ကံဇာတာ ညံ့ရင်လည်း အလွန် ညံ့တတ်တယ်ကွ။
ကောင်းရင်လည်း အလွန် ကောင်းတတ် တယ်။ လူကလည်း တစ်ဖက်စွန်းပဲကွ။ ပတ်ဝန်းကျင်ကို ဂရု မစိုက်တတ်ဘဲ အလုပ်တစ်ခုကို စမိပြီဆိုရင် ပြီးအောင် ဇွဲနဲ့ လုပ်တာ ၈-ဂဏန်း သမားတွေပဲ။ တစ်ခါတစ်ရံ အကြောင်းမဲ့ လောကကြီးကို မကျေမနပ် ဖြစ်နေ တာ ၈-ဂဏန်း သမားတွေပဲ။
၈-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ အသည်းရောဂါ ၊ သွေးနဲ့ ပါတ်သက်တဲ့ ရောဂါတွေပဲ။ သူရဲ့ ဓာတ်စာတွေကတော့ အသီးအရွက်တွေ မုန်လာဥတွေ ငှက်ပျောသီးတွေဟာ သူရဲ့ ဓာတ်စာတွေပဲကွ။
ဆောင်ရမယ့် ကျောက်ကတော့ ပုလဲနက် စိန်နက် မဟူရာ စတဲ့ အနက်ရောင်ကျောက်တွေပဲ။
ကံကောင်းစေတဲ့ အရောင်အရောင်ကလည်း ခရမ်းရင့်ရောင် အပြာရင့်ရောင် အထူးသဖြင့် အနက်ရောင် ပေါ့ကွာ။
ကံကောင်းစေတဲ့ နေ့ကတော့ စနေနေ့ပဲဟေ့။ လောကီပညာ လိုက်စားရင် ၈-ဂဏန်းသမားတွေဟာ ထွန်းပေါက် တတ်တယ်။
မှတ်ချက်-ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရိုကမူ ၁၇-ကို ၈-ဂဏန်းဟု မယူဆပဲ ၈-ထက် ၆ရဲ့ အာနိသင်က ပိုတယ်ဟု ယူဆပါကြောင်း
===============================
မူလ(၉)ဂဏန်းသမားအကြောင်း
____________________
အင်္ဂလိပ်လရဲ့ (9 , 18 , 27) ရက်တွေမှာ မွေးတဲ့ လူတွေကို ၉-ဂဏန်းသမားလို့ ခေါ်တယ်။ ၉-ဂဏန်း သမားတွေဟာ သူများပေးတဲ့ ငွေတစ်ဆယ်ကို မမက်ဘူး ကွ။ ကိုယ်တိုင်ရှာတဲ့ ငွေတစ်ဆယ်ကို မြတ်နိုးတယ်။ ဘယ်ကိစ္စကို မဆို ကွယ်ရာ မှာ တစ်မျိုး ရှေ့တင်မှာ တစ်မျိုး မလုပ်တတ်ဘူးကွ။
အဲဒါကြောင့် ၉-ဂဏန်း သ မားတွေဟာ ရန်သူများတတ်တယ်။ တွဲလို့ ရရင်တွဲ။ တွဲလို့ မရရင် ကွဲ။ ပြတ်ပြတ် သားသားရှိတာ ၉-ဂဏန်းသမားတွေကွ။ ၉-ဂဏန်း သမားတွေဟာ မကြာခဏ လောကကြီးကို စိတ်ကုန်တတ်တယ်။ အဲဒီလို စိတ်ကုန်ပေမယ့် ၉-ဂဏန်း သမားတွေဟာ မယ်သီလရှင် ၊ ဘုန်းကြီး ဝတ်တာ နည်းတယ်ကွ။ ၉-ဂဏန်း သမားတွေဟာ အတိုက်အခိုက် ဘယ်လောက်များများ နောက်ဆုံးမှာ အောင်မြင် သွားတယ်။ ၉-ဂဏန်း သမားတွေဟာ သူတို့က မသိလို့ကွ။
ကြီးပွားချမ်းသာစေတဲ့ ဓာတ်တစ်မျိုး မွေးရာပါ ပါတယ်ကွ။
၉-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ ကြောက်စရာကြီးကွ။ မဖြစ်ရင်လည်း နေရော ဖြစ်ရင်လည်း ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တတ်တယ်ကွ။ ဘာမှ မဖြစ်ရင်တောင် အပူလောင်တာမကြာခန ဖြစ်တတ်တယ်။
ဘယ်ရောဂါပဲ ဖြစ်ဖြစ် ကြက်သွန်ဖြူ ကြက်သွန်နီတို့ဟာ သဘာဝဓာတ်စာပဲဟေ့။
သူတို့အတွက် သဘာဝအဆောင်ကတော့ သံမဏိပဲကွ။ သံမဏိ လက်စွတ်တို့ သံမဏိလက်ကောက်တို့ ဝတ်ရင် အကောင်းဆုံးပဲ။ အဲဒါတွေ မဝတ်ချင်ရင်တော့ အဆောင်က ကျောက်နီပဲကွ။
သူတို့အတွက် အကောင်းဆုံး ကံကောင်းစေတဲ့ နေ့ဟာ အင်္ဂါနေ့ကွ။
ကံကောင်းစေတဲ့ အရောင်ကတော့ ကြက်သွေးရောင် ၊ အနီရောင် ရဲရဲတွေပေါ့ကွာ။
မူလဂဏန်းဆိုတာ မွေးရက်ဂဏန်းကိုခေါ်တာ။
၃-ရက်နေ့ဖွားဆိုရင် ၃-ဂဏန်းသမားပေါ့။ ၅-ရက်နေ့ဖွားဆိုရင် ၅-ဂဏန်းသမားပေါ့။
နှလုံးဆိုရင်တော့ တစ်လုံးထဲရအောင် ပေါင်းရမယ်။ ဥပမာ ၁၂-ရက်နေ့ ဆိုရင် ၁-နှင့် ၂ ပေါင်းတော့ ၃-ရတယ်။ အဲဒီတော့ ၃-ဂဏန်း သမားပေါ့။ အခု ကျွန်တော်ပြောပြခဲ့တာကမူလ(၉)ဂဏန်းသမား အကြောင်းပါ။
Credit:original writer
အျပည့္အစုံသို႔

ယမကာ အတူတူေသာက္တတ္တဲ့ စုံတြဲေတြဟာ ဘဝမွာ ပိုၿပီးေပ်ာ္႐ႊင္ျပည့္စုံတဲ့ အခ်စ္ေရးကို ခံစားရ


Zawgyiျဖင့္ဖတ္ရန္

ေအးအတူ ၊ ပူအမွ်ဆိုတဲ့ အတိုင္းပဲ သူ႕အႀကိဳက္ ကိုယ့္အႀကိဳက္ထပ္တူညီသြားရင္ေတာ့ အဲ့ဒီစုံတြဲဟာ ပိုမိုေပ်ာ္႐ႊင္ရမယ္ဆိုတာ အေသအခ်ာပါပဲ။
ေနာက္ဆုံးေလ့လာမႈတစ္ခုအရေတာ့ ခ်စ္သူနဲ႕အတူတူ ယမကာ မွီဝဲတတ္တဲ့ စုံတြဲေတြဟာဆိုရင္လည္း ပိုမိုသာယာေပ်ာ္႐ႊင္ေနရတယ္လို႔ အခိုင္အမာသိရွိလိုက္ရၿပီျဖစ္ပါတယ္။
အမွန္တကယ္ပါပဲ။ နာမည္ေက်ာ္ မီခ်ီဂန္တကၠသိုလ္က ျပဳလုပ္လိုက္တဲ့ ေနာက္ဆုံးေလ့လာမႈအရဆိုရင္ေတာ့ အခုလို အံ့ၾသဖြယ္ရလဒ္ကို ေတြ႕ရမွာပါ။
စုံတြဲေတြမွာ တစ္ေယာက္တည္းသာ ေသာက္တတ္တဲ့ အတြဲနဲ႕ ႏွစ္ေယာက္လုံး တက္ညီလက္ညီေသာက္တတ္တဲ့ အတြဲေတြကို ေလ့လာမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ဆယ္ႏွစ္ၾကာ ျပဳစုခဲ့တဲ့ ေလ့လာမႈအရဆိုရင္ေတာ့ လက္ထပ္ၿပီးသား စုံတြဲ ၂၇၆၇ တြဲကို ေလ့လာခဲ့ၾကတာပါ။ အိမ္ေထာင္သက္ ႏွစ္ ၅၀ အထိရွိတဲ့ စုံတြဲေတြပါဝင္ၾကၿပီး ပ်မ္းမွ်အိမ္ေထာင္သက္ဟာ ၃၃ ႏွစ္အထိရွိတဲ့ ေလ့လာမႈျဖစ္ပါတယ္။ စုံတြဲေတြထဲက တစ္ဝက္ေက်ာ္မွာဆိုရင္ေတာ့ အယ္လ္ကိုေဟာလ္ကို မွီဝဲဖူးၾကပါတယ္။
ခင္ပြန္းသည္ေတြက ေသာက္တာပိုမ်ားၿပီး ဇနီးျဖစ္သူေတြကေတာ့နည္းပါတယ္။
ဒါေပမယ့္လည္း ေသာက္တဲ့အခ်ိန္မွာ ႏွစ္ေယာက္စလုံး စိတ္ခ်မ္းခ်မ္းသာသာနဲ႕ ပူးေပါင္းၿပီး ေသာက္သုံးတာဟာ ႏွစ္ေယာက္ၾကား နားလည္မႈပိုရွိလာၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ ပိုမိုပြင့္လင္းျမင္သာမႈရွိလာတယ္လို႔သိရပါတယ္။
အခ်ိန္ၾကာလာတဲ့အခ်ိန္မွာေတာ့ ဒီလိုစုံတြဲေတြဟာ တစ္ျခားအတြဲေတြထက္ အိမ္ေထာင္ေရးသုခၿပီးျပည့္စုံတဲ့အျပင္ ပိုမိုအားက်ဖြယ္ေကာင္းတဲ့ Relationship ကို တည္ေဆာက္နိုင္ေနတာကို ေတြ႕ခဲ့ရတာပါ။
ဒါ့ေၾကာင့္ ယမကာမွီဝဲရင္ ခ်စ္သူနဲ႕ တူတူ မွီဝဲတာက အရမ္းကို အက်ိဳးရွိေစတာပါ။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ credit ေပးပါသည္။
Unicodeဖြင့်ဖတ်ရန်

ယမကာ အတူတူသောက်တတ်တဲ့ စုံတွဲတွေဟာ ဘဝမှာ ပိုပြီးပျော်ရွှင်ပြည့်စုံတဲ့ အချစ်ရေးကို ခံစားရ

အေးအတူ ၊ ပူအမျှဆိုတဲ့ အတိုင်းပဲ သူ့အကြိုက် ကိုယ့်အကြိုက်ထပ်တူညီသွားရင်တော့ အဲ့ဒီစုံတွဲဟာ ပိုမိုပျော်ရွှင်ရမယ်ဆိုတာ အသေအချာပါပဲ။
နှစ်ဦးသား လက်တွဲပြီး လျှောက်လှမ်းကြမယ့် ပန်းတိုင်တွေ ၊ နှစ်ယောက်ကြား ပွင့်လင်းမြင်သာရှိမှုတွေဟာ ခရီးရှည်ကြီးမှာ အဖုအထစ်မရှိဘဲ ဖြတ်သန်းသွားနိုင်မယ့် သင်္ကေတတွေဖြစ်ပါတယ်။
နောက်ဆုံးလေ့လာမှုတစ်ခုအရတော့ ချစ်သူနဲ့အတူတူ ယမကာ မှီဝဲတတ်တဲ့ စုံတွဲတွေဟာဆိုရင်လည်း ပိုမိုသာယာပျော်ရွှင်နေရတယ်လို့ အခိုင်အမာသိရှိလိုက်ရပြီဖြစ်ပါတယ်။
အမှန်တကယ်ပါပဲ။ နာမည်ကျော် မီချီဂန်တက္ကသိုလ်က ပြုလုပ်လိုက်တဲ့ နောက်ဆုံးလေ့လာမှုအရဆိုရင်တော့ အခုလို အံ့သြဖွယ်ရလဒ်ကို တွေ့ရမှာပါ။
စုံတွဲတွေမှာ တစ်ယောက်တည်းသာ သောက်တတ်တဲ့ အတွဲနဲ့ နှစ်ယောက်လုံး တက်ညီလက်ညီသောက်တတ်တဲ့ အတွဲတွေကို လေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆယ်နှစ်ကြာ ပြုစုခဲ့တဲ့ လေ့လာမှုအရဆိုရင်တော့ လက်ထပ်ပြီးသား စုံတွဲ ၂၇၆၇ တွဲကို လေ့လာခဲ့ကြတာပါ။ အိမ်ထောင်သက် နှစ် ၅၀ အထိရှိတဲ့ စုံတွဲတွေပါဝင်ကြပြီး ပျမ်းမျှအိမ်ထောင်သက်ဟာ ၃၃ နှစ်အထိရှိတဲ့ လေ့လာမှုဖြစ်ပါတယ်။ စုံတွဲတွေထဲက တစ်ဝက်ကျော်မှာဆိုရင်တော့ အယ်လ်ကိုဟောလ်ကို မှီဝဲဖူးကြပါတယ်။
ခင်ပွန်းသည်တွေက သောက်တာပိုများပြီး ဇနီးဖြစ်သူတွေကတော့နည်းပါတယ်။
ဒါပေမယ့်လည်း သောက်တဲ့အချိန်မှာ နှစ်ယောက်စလုံး စိတ်ချမ်းချမ်းသာသာနဲ့ ပူးပေါင်းပြီး သောက်သုံးတာဟာ နှစ်ယောက်ကြား နားလည်မှုပိုရှိလာပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိလာတယ်လို့သိရပါတယ်။
အချိန်ကြာလာတဲ့အချိန်မှာတော့ ဒီလိုစုံတွဲတွေဟာ တစ်ခြားအတွဲတွေထက် အိမ်ထောင်ရေးသုခပြီးပြည့်စုံတဲ့အပြင် ပိုမိုအားကျဖွယ်ကောင်းတဲ့ Relationship ကို တည်ဆောက်နိုင်နေတာကို တွေ့ခဲ့ရတာပါ။
ဒါ့ကြောင့် ယမကာမှီဝဲရင် ချစ်သူနဲ့ တူတူ မှီဝဲတာက အရမ်းကို အကျိုးရှိစေတာပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။
အျပည့္အစုံသို႔

ထမင္းစားၿမိန္ေစမယ့္ ပဲကုလားဟင္းေကာင္းေကာင္း ခ်က္နည္း


Zawgyiျဖင့္ဖတ္ရန္

ပါဝင္ပစၥည္းမ်ား
ကုလားပဲျခမ္း- ၁၀ က်ပ္သား
အာလူး – ၃ လုံး
ခရမ္းသီး – ၂ လုံး
မုန္လာဥ – ၁ လုံး
ဒန္.သလြန္သီး – ၂ ေတာင့္
ၾကက္သြန္နီ – ၂ လုံး
ၾကက္သြန္ျဖဴ – ၅ မႊာ
င႐ုတ္သီးအနီေတာင့္- ၅ ေတာင့္
ဆီသတ္႐ြက္- ၂ ခက္
ဆီ ၊ ဆား
ၾကက္သားမႈန္.
င႐ုတ္သီးမႈန္.
နႏြင္းမႈန္.
မန္က်ည္းရည္
ဒန္ေပါက္မဆလာ
ခ်က္ျပဳတ္နည္း
အရင္ဆုံး ကုလားပဲျခမ္းကို တစ္ညေရစိမ္ထားပါ။
အာလူး၊ခရမ္းသီး၊မုန္လာဥ၊ဒန္.သလြန္သီး၊ၾကက္သြန္နီ၊ၾကက္သြန္ျဖဴတို.ကို ေရေဆးလွီးၿပီး င႐ုတ္သီးမႈန္.၊နႏြင္းမႈန္.၊ဆား၊ၾကက္သားမႈန္.နဲ.နယ္ထားပါ။
ၿပီးရင္ ဒန္အိုးထဲ ေရလိုသေလာက္ထည့္ၿပီး ကုလားပဲျခမ္းကို ပြက္ပြက္ဆူေအာင္ ျပဳတ္ပါ။
ကုလားပဲျခမ္းမ်ား အနည္းငယ္ႏူးၿပီး ကြဲလာလွ်င္ နယ္ထားတာေတြထည့္ပါ။ဆီအနည္းငယ္ထည့္ပါ။
ေရလိုရင္ ထပ္ထည့္ပါ။
ပြက္ပြက္ဆူေအာင္တည္ပါ။
င႐ုတ္သီးအနီေတာင့္ကို ႏွစ္ပိုင္းလွီးထည့္ပါ။မန္က်ည္းရည္ထည့္ပါ။ အရသာလိုသလိုျပင္ပါ။
အာလူး၊ခရမ္းသီးမ်ား ႏူးၿပီး အရသာအဆင္ေျပရင္ မဆလာ၊ဆီသတ္႐ြက္ထည့္ၿပီး ခဏတည္ေပးပါ။
အခုဆိုရင္ ပူပူေလးနဲ႔ အနံ႔ ေမႊးႀကိဳင္တဲ့ ပဲကုလားဟင္းကို အရသာရွိစြာ သုံးေဆာင္ႏိုင္ပါၿပီ။
Unicodeဖြင့်ဖတ်ရန်

ထမင်းစားမြိန်စေမယ့် ပဲကုလားဟင်းကောင်းကောင်း ချက်နည်း

ပါဝင်ပစ္စည်းများ
ကုလားပဲခြမ်း- ၁၀ ကျပ်သား
အာလူး – ၃ လုံး
ခရမ်းသီး – ၂ လုံး
မုန်လာဥ – ၁ လုံး
ဒန်.သလွန်သီး – ၂ တောင့်
ကြက်သွန်နီ – ၂ လုံး
ကြက်သွန်ဖြူ – ၅ မွှာ
ငရုတ်သီးအနီတောင့်- ၅ တောင့်
ဆီသတ်ရွက်- ၂ ခက်
ဆီ ၊ ဆား
ကြက်သားမှုန်.
ငရုတ်သီးမှုန်.
နနွင်းမှုန်.
မန်ကျည်းရည်
ဒန်ပေါက်မဆလာ
ချက်ပြုတ်နည်း
အရင်ဆုံး ကုလားပဲခြမ်းကို တစ်ညရေစိမ်ထားပါ။
အာလူး၊ခရမ်းသီး၊မုန်လာဥ၊ဒန်.သလွန်သီး၊ကြက်သွန်နီ၊ကြက်သွန်ဖြူတို.ကို ရေဆေးလှီးပြီး ငရုတ်သီးမှုန်.၊နနွင်းမှုန်.၊ဆား၊ကြက်သားမှုန်.နဲ.နယ်ထားပါ။
ပြီးရင် ဒန်အိုးထဲ ရေလိုသလောက်ထည့်ပြီး ကုလားပဲခြမ်းကို ပွက်ပွက်ဆူအောင် ပြုတ်ပါ။
ကုလားပဲခြမ်းများ အနည်းငယ်နူးပြီး ကွဲလာလျှင် နယ်ထားတာတွေထည့်ပါ။ဆီအနည်းငယ်ထည့်ပါ။
ရေလိုရင် ထပ်ထည့်ပါ။
ပွက်ပွက်ဆူအောင်တည်ပါ။
ငရုတ်သီးအနီတောင့်ကို နှစ်ပိုင်းလှီးထည့်ပါ။မန်ကျည်းရည်ထည့်ပါ။ အရသာလိုသလိုပြင်ပါ။
အာလူး၊ခရမ်းသီးများ နူးပြီး အရသာအဆင်ပြေရင် မဆလာ၊ဆီသတ်ရွက်ထည့်ပြီး ခဏတည်ပေးပါ။
အခုဆိုရင် ပူပူလေးနဲ့ အနံ့ မွှေးကြိုင်တဲ့ ပဲကုလားဟင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Credit:Kyaw Min Htwe
အျပည့္အစုံသို႔

ဘယ္ေသာအခါမွ အခ်ိဳးေျပလာမွာ မဟုတ္တဲ့ ေယာက်္ားတစ္ေယာက္ရဲ႕ လကၡဏာမ်ား


Zawgyiျဖင့္ဖတ္ရန္

ပ်ိဳေမတို႔အေနနဲ႔ ေယာက်္ားတစ္ေယာက္ကို ခ်စ္သူအျဖစ္ေရြးခ်ယ္တဲ့အခါျဖစ္ျဖစ္၊ အိမ္ေထာင္ဖက္အျဖစ္ ေရြးခ်ယ္တဲ့အခါျဖစ္ျဖစ္ အေရးၾကီးဆံုးအခ်က္က ဘယ္ေတာ့မွ အခ်ိဳးေျပလာမွာမဟုတ္တဲ့ ေယာက်္ားတစ္ေယာက္ကို မေရြးခ်ယ္မိဖို႔ပါပဲ။ တစ္ေန႔ေကာင္းလာမွာပဲဆိုျပီး ဒီလိုလကၡဏာေလးေတြကို လ်စ္လ်ဴရႈမိရင္ အမွားၾကီးမွားသြားမွာ ျဖစ္တာေၾကာင့္ ဒီလိုလကၡဏာရွိတဲ့ ေယာက်္ားတစ္ေယာက္ကို ေဝးေဝးေရွာင္ႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) တူညီေသာအမွားမ်ိဳး အၾကိမ္ၾကိမ္က်ဴးလြန္ေသာေယာက်္ား
ေယာက်္ားတစ္ေယာက္ဟာ တူညီတဲ့အမွားကို ခဏခဏက်ဴးလြန္တယ္ဆိုရင္ သူဟာ အမွတ္သညွာမရွိတဲ့ ေယာက်္ားတစ္ေယာက္ ျဖစ္ေနလို႔ပါ။ ဒီလိုေယာက်္ားမ်ိဳးဟာ အမွားတစ္ခုခုကိုလုပ္မိလို႔ ေနာင္တရလညး္ ခဏပဲ။ ေနာက္တစ္ခါ ဒီလိုအေျခအေနျဖစ္လာရင္လညး္ ဒီလိုအမွားမ်ိဳးကုိ ထပ္က်ဴးလြန္ေနမယ့္သူမ်ိဳးျဖစ္တယ္။ ဒီလိုလူေတြဟာ ေနာက္တစ္ခါထပ္မွားဖို႔ လံုးဝဝန္မေလးၾကသူေတြျဖစ္တယ္။ ဒါေၾကာင့္ ဒီလိုလူမ်ိဳးဟာ ဘယ္ေသာအခါမွ အခ်ိဳးေျပလာမွာ မဟုတ္တာေၾကာင့္ ေဝးေဝးေရွာင္ရွားသင့္ပါတယ္။
(၂) သင္ငိုေနတာကို ဥေပကၡာျပဳႏိုင္တဲ့ေယာက်္ား
သင့္ကို တကယ္တန္ဖိုးထားတဲ့ ေယာက််ားဆိုတာ သင္ငိုဖို႔မဆိုနဲ႔ သင့္မ်က္ႏွာေလး ပ်က္သြားရင္ေတာင္ ေဆာက္တည္ရာမရ ျဖစ္ေနသူပါ။ ဒါေပမယ့္ သင့္ခ်စ္သူဟာ သင္ငိုေနတာကို မ်က္ႏွာလႊဲရက္တယ္၊ သင့္မ်က္ရည္ေတြကို ဥေပကၡာျပဳရက္တဲ့ ေယာက်္ားဆိုရင္ေတာ့ သူေျပာင္းလဲလာမယ့္ အခ်ိန္ကိုေစာင့္မေနပါနဲ႕ေတာ့။ သင္ငိုေနတာကိုေတာင္ ဥေပကၡာျပဳႏိုင္တဲ့ ေယာက်္ားတစ္ေယာက္က သင့္အေပၚမွာ ဘယ္ေတာ့မွ အခ်ိဳးေျပလာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီလိုလူမ်ိဳးကို ဆက္မပတ္သက္တာ အေကာင္းဆံုးပါပဲ။
(၃) ေသာက္စားမူးယစ္တတ္တဲ့ေယာက်္ား
တစ္ခါတေလ သူငယ္ခ်င္းေတြနဲ႔ဆံုလို႔ သင့္ကို ေသေသခ်ာခ်ာေျပာျပီးမွ တစ္ခြက္ႏွစ္ခြက္ ေသာက္တာေလာက္က ကိစၥမရွိေပမယ့္၊ ေန႔တိုင္းနီးပါး ေသာက္စားမူးယစ္ျပီး ေဟးလားဝါးလားေနတတ္တဲ့ ေယာက်္ားဟာ ဘယ္ေတာ့မွ အခ်ိဳးေျပလာမွာ မဟုတ္ပါဘူး။ ဒီလိုေယာက်္ား်မ်ဳိးေတြဟာ အေပ်ာ္အပါးလည္း အရမး္ခံုမင္တာေၾကာင့္ သူနဲ႔ဆက္ပတ္သက္ေနသေရြ႕ သင္ဘယ္ေတာ့မွ အေရးေပးခံရမွာ မဟုတ္ပါဘူး။ ကိုယ့္ကို အေရးမေပးႏိုင္တဲ့ ခ်စ္သူမ်ိဳးကို အခ်ိန္ကုန္ခံျပီး ဆက္တြဲမေနသင့္ေတာ့ပါဘူး။
(၄) ေအာ္ဟစ္ၾကိမ္းေမာင္းတတ္တဲ့ေယာက်္ား
ေဒါသထြက္တဲ့အခါ ဆူပူေအာ္ဟစ္ျပီး ေဟာက္ဟိန္းတတ္တဲ့ ေယာက္်ားေတြဟာ ဘယ္ေတာ့မွ အခ်ိဳးေျပလာမယ့္ ေယာက်္ားေတြမဟုတ္ပါဘူး။ ေဒါသထြက္လာတဲ့အခါ သင့္ကိုေအာ္ဟစ္ဆူပူတတ္တဲ့ေယာက်္ားဟာ တစ္ခ်ိန္မွာ လက္ပါလာမယ့္ ေယာက်္ားမ်ိဳးပါ။ ဒါေၾကာင့္ သင့္ကို ခဏခဏ ေအာ္ဟစ္ၾကိမ္းေမာင္းျပီး ဝမး္နညး္ေအာင္လုပ္တတ္တဲ့ ေယာက််္ားဟာ ဘယ္ေသာအခါမွ အခ်ိဳးေျပလာမယ့္ ေယာက်္ားမဟုတ္တာေၾကာင့္ ဆက္ျပီး မပတ္သက္တာ အေကာင္းဆံုးပါပဲ။
(၅) ဦးမေဆာင္ႏိုင္သည့္ေယာက်္ား
ဒါကေတာ့ အေရးၾကီးဆံုးပါပဲ။ ခ်စ္သူရည္းစားဘဝမွာ ေယာက်္ားတစ္ေယာက္ ဦးမေဆာင္တတ္တာ သိပ္ျပီး မသိသာသလို ျပႆနာလညး္ သိပ္မရွိသလို ထင္ရေပမယ့္ အဲလိုလူမ်ိဳးနဲ႔ အိမ္ေထာင္က်သြားတဲ့အခါ ျပႆနာေတြက မ်ားလာေတာ့မွာပါ။ အိမ္ေထာင္ဦးစီးတစ္ေယာက္က ေကာင္းေကာင္းမဦးေဆာင္ႏိုင္ရင္ ဘယ္ေတာ့မွ အိမ္ေထာင္ေရးက သာယာမွာမဟုတ္သလုိ၊ မစီမံ မခန္႔ခြဲတတ္တဲ့ ခပ္ႏံုႏံုေယာက်္ားတစ္ေယာက္ဟာ ဘယ္ေတာ့မွ အခ်ိဳးေျပလာမွာ မဟုတ္သလို အားလည္း မကိုးရပါဘူး။ ဒါေၾကာင့္ အစကတည္းက ဒီလိုေယာက်္ားမ်ိဳးကို မေရြးခ်ယ္မိဖုိ႔ အထူးသတိျပဳရပါမယ္။

Unicodeဖြင့်ဖတ်ရန်

ဘယ်သောအခါမှ အချိုးပြေလာမှာ မဟုတ်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာများ

ပျိုမေတို့အနေနဲ့ ယောကျ်ားတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်တဲ့အခါဖြစ်ဖြစ်၊ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တဲ့အခါဖြစ်ဖြစ် အရေးကြီးဆုံးအချက်က ဘယ်တော့မှ အချိုးပြေလာမှာမဟုတ်တဲ့ ယောကျ်ားတစ်ယောက်ကို မရွေးချယ်မိဖို့ပါပဲ။ တစ်နေ့ကောင်းလာမှာပဲဆိုပြီး ဒီလိုလက္ခဏာလေးတွေကို လျစ်လျူရှုမိရင် အမှားကြီးမှားသွားမှာ ဖြစ်တာကြောင့် ဒီလိုလက္ခဏာရှိတဲ့ ယောကျ်ားတစ်ယောက်ကို ဝေးဝေးရှောင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) တူညီသောအမှားမျိုး အကြိမ်ကြိမ်ကျူးလွန်သောယောကျ်ား
ယောကျ်ားတစ်ယောက်ဟာ တူညီတဲ့အမှားကို ခဏခဏကျူးလွန်တယ်ဆိုရင် သူဟာ အမှတ်သညှာမရှိတဲ့ ယောကျ်ားတစ်ယောက် ဖြစ်နေလို့ပါ။ ဒီလိုယောကျ်ားမျိုးဟာ အမှားတစ်ခုခုကိုလုပ်မိလို့ နောင်တရလည်း ခဏပဲ။ နောက်တစ်ခါ ဒီလိုအခြေအနေဖြစ်လာရင်လည်း ဒီလိုအမှားမျိုးကို ထပ်ကျူးလွန်နေမယ့်သူမျိုးဖြစ်တယ်။ ဒီလိုလူတွေဟာ နောက်တစ်ခါထပ်မှားဖို့ လုံးဝဝန်မလေးကြသူတွေဖြစ်တယ်။ ဒါကြောင့် ဒီလိုလူမျိုးဟာ ဘယ်သောအခါမှ အချိုးပြေလာမှာ မဟုတ်တာကြောင့် ဝေးဝေးရှောင်ရှားသင့်ပါတယ်။
(၂) သင်ငိုနေတာကို ဥပေက္ခာပြုနိုင်တဲ့ယောကျ်ား
သင့်ကို တကယ်တန်ဖိုးထားတဲ့ ယောကျျားဆိုတာ သင်ငိုဖို့မဆိုနဲ့ သင့်မျက်နှာလေး ပျက်သွားရင်တောင် ဆောက်တည်ရာမရ ဖြစ်နေသူပါ။ ဒါပေမယ့် သင့်ချစ်သူဟာ သင်ငိုနေတာကို မျက်နှာလွှဲရက်တယ်၊ သင့်မျက်ရည်တွေကို ဥပေက္ခာပြုရက်တဲ့ ယောကျ်ားဆိုရင်တော့ သူပြောင်းလဲလာမယ့် အချိန်ကိုစောင့်မနေပါနဲ့တော့။ သင်ငိုနေတာကိုတောင် ဥပေက္ခာပြုနိုင်တဲ့ ယောကျ်ားတစ်ယောက်က သင့်အပေါ်မှာ ဘယ်တော့မှ အချိုးပြေလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုလူမျိုးကို ဆက်မပတ်သက်တာ အကောင်းဆုံးပါပဲ။
(၃) သောက်စားမူးယစ်တတ်တဲ့ယောကျ်ား
တစ်ခါတလေ သူငယ်ချင်းတွေနဲ့ဆုံလို့ သင့်ကို သေသေချာချာပြောပြီးမှ တစ်ခွက်နှစ်ခွက် သောက်တာလောက်က ကိစ္စမရှိပေမယ့်၊ နေ့တိုင်းနီးပါး သောက်စားမူးယစ်ပြီး ဟေးလားဝါးလားနေတတ်တဲ့ ယောကျ်ားဟာ ဘယ်တော့မှ အချိုးပြေလာမှာ မဟုတ်ပါဘူး။ ဒီလိုယောကျ်ားျမျိုးတွေဟာ အပျော်အပါးလည်း အရမ်းခုံမင်တာကြောင့် သူနဲ့ဆက်ပတ်သက်နေသရွေ့ သင်ဘယ်တော့မှ အရေးပေးခံရမှာ မဟုတ်ပါဘူး။ ကိုယ့်ကို အရေးမပေးနိုင်တဲ့ ချစ်သူမျိုးကို အချိန်ကုန်ခံပြီး ဆက်တွဲမနေသင့်တော့ပါဘူး။
(၄) အော်ဟစ်ကြိမ်းမောင်းတတ်တဲ့ယောကျ်ား
ဒေါသထွက်တဲ့အခါ ဆူပူအော်ဟစ်ပြီး ဟောက်ဟိန်းတတ်တဲ့ ယောက်ျားတွေဟာ ဘယ်တော့မှ အချိုးပြေလာမယ့် ယောကျ်ားတွေမဟုတ်ပါဘူး။ ဒေါသထွက်လာတဲ့အခါ သင့်ကိုအော်ဟစ်ဆူပူတတ်တဲ့ယောကျ်ားဟာ တစ်ချိန်မှာ လက်ပါလာမယ့် ယောကျ်ားမျိုးပါ။ ဒါကြောင့် သင့်ကို ခဏခဏ အော်ဟစ်ကြိမ်းမောင်းပြီး ဝမ်းနည်းအောင်လုပ်တတ်တဲ့ ယောကျျ်ားဟာ ဘယ်သောအခါမှ အချိုးပြေလာမယ့် ယောကျ်ားမဟုတ်တာကြောင့် ဆက်ပြီး မပတ်သက်တာ အကောင်းဆုံးပါပဲ။
(၅) ဦးမဆောင်နိုင်သည့်ယောကျ်ား
ဒါကတော့ အရေးကြီးဆုံးပါပဲ။ ချစ်သူရည်းစားဘဝမှာ ယောကျ်ားတစ်ယောက် ဦးမဆောင်တတ်တာ သိပ်ပြီး မသိသာသလို ပြဿနာလည်း သိပ်မရှိသလို ထင်ရပေမယ့် အဲလိုလူမျိုးနဲ့ အိမ်ထောင်ကျသွားတဲ့အခါ ပြဿနာတွေက များလာတော့မှာပါ။ အိမ်ထောင်ဦးစီးတစ်ယောက်က ကောင်းကောင်းမဦးဆောင်နိုင်ရင် ဘယ်တော့မှ အိမ်ထောင်ရေးက သာယာမှာမဟုတ်သလို၊ မစီမံ မခန့်ခွဲတတ်တဲ့ ခပ်နုံနုံယောကျ်ားတစ်ယောက်ဟာ ဘယ်တော့မှ အချိုးပြေလာမှာ မဟုတ်သလို အားလည်း မကိုးရပါဘူး။ ဒါကြောင့် အစကတည်းက ဒီလိုယောကျ်ားမျိုးကို မရွေးချယ်မိဖို့ အထူးသတိပြုရပါမယ်။
Credit:Em Em(Auntymay)
အျပည့္အစုံသို႔
Powered by Blogger.